Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင်း စစ်ကောင်စီတပ်က ရွာစဥ်ပတ်မီးရှို့နေ၍ ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ပြေးနေရ

“အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်”ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။

(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)

ကျေးရွာ ၁၉ ရွာမှ အနည်းဆုံးနေအိမ် ၃၅၀ ခန့်ပျက်စီး

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ရွာစဥ်ပတ်မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေ သခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာပြေးနေရကြောင်း ဒီပဲယင်းအခြေစိုက် တော် လှန်ရေးအင်အားစုများက ပြောသည်။

ဒီပဲယင်းညီနောင်များအဖွဲ့က ကောက်ယူအ တည်ပြုထားသော စာရင်းများအရ ကျေးရွာ ၁၉ ရွာမှ နေအိမ် ၃၅၀ ခန့် မီးရှို့ဖျက်ဆီးခံထားရပြီး ယနေ့(မေ ၃၁)တွင်လည်း တည်တောရွာအား မနက်ပိုင်းတစ်ကြိမ်၊ ယခုညနေပိုင်းတစ်ကြိမ် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)

အကြမ်းဖက်စစ်ကောင်စီတပ်များသည်ရွာတစ်ရွာကိုဦးတည်လျင်အခြားအနီးဝန်းကျင်ကျေးရွာများကိုပါဝင်ရောက်သောင်းကျန်းတတ်သဖြင့်တည်တောဘေးပတ်လည်မှသပြေကုန်း၊သရက်ကန်အရှေ့ရွာနှင့် အနောက်ရွာတို့မှဒေသခံပြည်သူများ ကြိုတင်ရှောင်တိမ်းနေရကြောင်းဒီပဲယင်းညီ
နောင်များအဖွဲ့က ပြော သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်”ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို ယခုလ(မေ) တတိယပတ်အထိ ဝင်ရောက်မွှေနှောက်ပြီးနောက် ဒီပဲယင်းအရှေ့ခြမ်းမှ ကျေးရွာများသို့ ယခုလနောက်ဆုံးပတ်တွင်ထပ်မံမွှေနှောက်လျက်ရှိရာ သရက်တော၊ အင်ပင်၊ နဂါးတွင်း၊ ထန်းတစ်ပင်၊ မူးအိုင်း၊ တည်တောစသည့် ကျေးရွာများ ပါဝင်သည်။

ယလုရရှိထားသော ကျေးရွာများနှင့် မီးရှို့ဖျက် ဆီးခံရသော နေအိမ်စာရင်းများမှာ လတ်တ လောအတည်ပြုထားနိုင်သမျှဖြစ်ပြီး မြေပြင်အခြေအနေမှာ ယင်းထက်ပိုနိုင်ပြီး စစ်ကောင်စီတပ်များမှာလည်း အင်အား ၉၀ ခန့်ဖြင့် တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ဖျက်ဆီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook