သတင်း စစ်တပ်က အမိန့်ဖြင့်ခိုင်းစေ၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အဦးများ ဖျက်ဆီးခဲ့ရဟု AAထံ အလင်းဝင်လာသူပြော AAထံအလင်းဝင်ပါကနှိပ်စက်သတ်ဖြတ်ခံရမည်ဟု သင်တန်းကတည်းက စစ်ကောင်စီလိမ်ညာဝါဒဖြန့်ဟုဆို ludunwayooဇူလိုင် 21, 2025
သတင်း ဗန်းမော်တွင် စစ်ဘေးရှောင်များရှိနေသော ဘုန်းကြီးကျောင်းကိုစစ်တပ်ဗုံးကြဲသောရုပ်သံမှတ်တမ်းထွက်ပေါ်လာ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။ ludunwayooမေ 11, 2025
သတင်း ဘီးလင်းမြို့နယ် ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကိုရင်တစ်ပါး အပါအဝင် သုံးဦး သေဆုံး ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ludunwayooဧပြီ 21, 2025
သတင်း ကရင် ကျုံဒိုးမြို့အနီးဝန်းကျင်ရှိ လေးတိုင်ရွာဘုန်းကြီးကျောင်းဗုံးကြဲခံရ ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အနီးက လေးတိုင်ရွာ ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။ ludunwayooဧပြီ 17, 2025
သတင်း စစ်ကောင်စီက အင်းတော်မြို့နယ်ရှိဘုန်းကြီးကျောင်းကိုဗုံးကြဲ တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ludunwayooဧပြီ 15, 2025
သတင်း ဒီပဲယင်းရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သံဃာတော်နှင့် ဥပုသ်စောင့်သူအချို့ သေဆုံး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ (ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့် သင်္ကြန်ကာလ ဥပုသ်စောင့်နေသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 13, 2025
သတင်း ဒီပဲယင်းနယ် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှု ငါးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့(ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ကိုရင်သုံးပါးအပါအဝင် သေဆုံးသူ ၅ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဦးကို အရေးပေါ် ဆေးကုသနေရကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 13, 2025
သတင်း နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောရွာဘုန်ကြီးကျောင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ ludunwayooမတ် 26, 2025
သတင်း ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါးပျံလွန်တော်မူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။ ludunwayooမတ် 24, 2025
သတင်း နောင်ချိုမြို့ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။ ludunwayooမတ် 16, 2025