Connect with us

Hi, what are you looking for?

သတင်း

ကရင် ကျုံဒိုးမြို့အနီးဝန်းကျင်ရှိ လေးတိုင်ရွာဘုန်းကြီးကျောင်းဗုံးကြဲခံရ

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်​၊ ကျုံဒိုးမြို့ အနီးက လေးတိုင်ရွာ ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

ဧပြီ – ၁၆၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်​၊ ကျုံဒိုးမြို့ အနီးက လေးတိုင်ရွာ ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

ကျုံဒိုးမြို့အရှေ့ဘက် ကျုံဒိုး – ကော့ကရိတ်ကားလမ်းဘေးမှာရှိတဲ့ လေးတိုင်ရွာ ရဲ့ ဘုန်းကြီးကျောင်းဟာ မနက် ၉ နာရီကျော်က လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသခံကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးသွားပေမယ့် “လူထိခိုက်မှု မရှိဘူး ” လို့ အဲဒီဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလေတပ်ဟာ သင်္ကြန်အကြတ်နေ့နဲ့အတက်နေ့တွေမှာ ကျုံဒိုးမြို့အနီးက ကမ်းနီရွာ ဘုန်းကြီးကျောင်းနဲ့ လေးတိုင်ရွာ ဘုန်းကြီးကျောင်း နှစ်ကျောင်းကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့တာပါ။

မနေ့ သင်္ကြန်အကြတ်နေ့ နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင်က ကမ်းနီရွာ ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှုမှာ အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းအရ သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းတွေ မှာ ဥပုသ် သီတင်းသီလယူလေ့ရှိပြီး အခုလိုကာလမှာ ကျုံဒိုးမြို့အနီး ရွာတွေက ဘုန်းကြီးကျောင်း နှစ်ကျောင်း ဗုံးကြဲခံရတာလည်းဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်နဲ့ ကော့ကရိတ်မြို့ မြောက်ပိုင်း မြပတိုင်ရွာ ၊ ရင်ကွဲတောင်စခန်းတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

ကျောင်းထိုင်ဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရ

Facebook