Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက အင်း​တော်မြို့နယ်ရှိဘုန်းကြီး​ကျောင်းကိုဗုံးကြဲ

​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီး​ကျောင်းကို စစ်ကောင်စီက ယ​နေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။

အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီး​ကျောင်းဗုံးကြဲခံရပြီး​နောက်မြင်ကွင်း ။ဓါတ်ပုံ-IR

ဧပြီ-၁၄၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီး​ကျောင်းကို စစ်ကောင်စီက ယ​နေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။

အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာကို ဧပြီလ ၁၄ရက် နေ့လည် ၁၁ နာရီ ၄၈ မိနစ်တွင် ဗုံး၂လုံးကြဲခြင်းဖြစ်သည်။ဘုန်းကြီးကျောင်းထိမှန်ကာ ကျောင်းဆောင်ပျက်စီးခဲ့ပြီး အရပ်သားအချိုထိခိုက်ဒဏ်ရာရထားကြောင်း Indaw Revolution-IRက ထုတ်ပြန်ထားသည်။ ဗုံးကြဲမှု​ကြောင့်ထိခိုက်မှုအခြေအနေကိုအသေးစိတ်မသိရှိရသေးပေ။

“အခုတင် အင်းတော်ဘက် လေယာဉ်နဲ့ကြဲသွားပါတယ်။ကောလင်း၊ထီးချိုင့်၊အင်းတော်၊ဝန်းသို၊ ပြည်သူများ ဂရုစိုက်ကြပါ။ အိမ်တိုင်းဗုံးခိုကျင်းတူးထားကြပါ။ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းပါ။ အသက်ကိုဉာဏ်စောင့်ပါတယ်။ မအလရဲ့ လေယာဉ်တွေမကုန်မချင်း ဗုံးခိုကျင်းက တူးကိုတူးထားရမှာပါ။မပေါ့ဆကြပါနဲ့ခင်ဗျ”ဟု Indaw Revolution-IR က​သတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို KIA ၊ ABSDF ၊ PDF ၊ပကဖ ပူးပေါင်းတပ်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏အစီအစဥ်ဖြင့် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ၇ရက်၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်စစ်သုံ့ပန်းအများပြားကိုလည်းဖမ်းဆီးထားသည်။

အင်း‌​တော်မြို့ဆုံးရှုံးသွားပြီးနောက် စစ်ကောင်စီတပ်က ကောလင်း၊ ဝန်းသိုမြို့တို့ကိုလေကြောင်းမှတိုက်ခိုက်ခဲ့သလိုဒေသတွင်းရှိကသာနှင့်ထီးချိုင့်မြို့မှဒေသခံများလည်း လေကြောင်းအန္တရာယ်သတိပြုရန် သတိပေးထားသည်။

စစ်​ကောင်စီသည် မြန်မာပြည်သူများတန်ဖိုးထားသည့် မဟာသင်္ကြန်ပွဲ​တော်ကာလမှာပင် ​ကျောက်​တော် ၊​ကောလင်း ၊သပိတ်ကျင်း၊ ကနီ၊ အင်း​တော် ၊ဗန်း​မော်၊မင်းတပ် စသဖြင့် နိုင်ငံတစ်ဝန်း ဗုံးဆက်တိုက်ကြဲ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို