Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောရွာဘုန်ကြီးကျောင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးသွားသော ဘုန်းကြီးကျောင်းကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပေးပို့

မတ်လ-၂၅၊ ၂၀၂၅။ အာရုဏ်ဦး/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၄ ရက် ညနေ ၄ နာရီခန့်က တံတားဦးလေတပ်မှလာသော YAK-130 အ မျိုးအစား ဂျက်ဖိုက်တာတစ်စီးသည် လေးမျက်နှာဘုရားတောင်ဘက်ရှိ ဘုန်းကြီးကျောင်းကို ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးသွားသော ဘုန်းကြီးကျောင်းကိုတွေ့ရစဥ်။ဓာတ်ပုံ – CJ/ပေးပို့

“ အဲဘုန်းကြီးကျောင်းမှာ လူမရှိတဲ့အချိန်ဖြစ်နေတော့ ပြည်သူအထိအခိုက် တစ်စုံတစ်ရာတော့ ဖြစ်မသွားဘူး” ဟု မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးကျောင်း အမိုးများပြိုကျပျက်စီးသွားသည့်အပြင် ကျောင်းဆောင်အတွင်းနှင့် အပြင်နံရံများ ဗုံးစထိမှန် ပေါက်ပြဲပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

“ ဘုန်းကြီးက ခရီးထွက်နေလို့ လွတ်သွားတာ။ သိရသလောက် အဲဒီတောကျောင်းမှာ သံဃာသုံးပါး သီတင်းသုံးနေထိုင်တယ်ဗျ” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၂၂ ရက် ညပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာအား စစ်ကောင်စီတပ်မှ စက်တပ်လေထီးဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့် တစ်ကြိမ်၊ Mi-35ဖြင့်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

တိုက်ခိုက်မှုကြောင့် လက်ဝဲမြင်းနီကျေးရွာမှ ဒေသခံပြည်နှစ်ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။

နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာနေရသော စစ်ကောင်စီသည် အ ရပ်သားများ၊ ဆေးရုံဆေးခန်းများ၊ သာသနိက အဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၃ပါးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပန်သပြေရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ