Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှု ငါးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့(ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ကိုရင်သုံးပါးအပါအဝင် သေဆုံးသူ ၅ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဦးကို အရေးပေါ် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

ဒီပဲယင်းမြို့နယ် ၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ဒီပဲယင်း ပကဖ

ဧပြီ ၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့(ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ကိုရင်သုံးပါးအပါအဝင် သေဆုံးသူ ၅ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဦးကို အရေးပေါ် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

” ကိုရင်က သုံးပါးပျံလွန်ပါတယ်။ ဘုန်းကြီးကျောင်းသား ကလေးတစ်ဦးနဲ့ အခါတွင်း ဥပုသ်လာစောင့်သူ တစ်ဦးသေဆုံးတာပါ။ ရက်စက်လွန်းတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် သင်္ကြန်တွင်း ဥပုသ်သီလယူရန်ရောက်ရှိနေသော သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒီပဲယင်းပကဖက ထုတ်ပြန်ထားသည်။ ‌ဒဏ်ရာရသူ ၆ဦးကိုလည်း ဆေးကုသနေရကြောင်း သတင်းရရှ်ိသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက် ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း ဧပြီ ၁၁

ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၁၀၂ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၁၁ဦးသေဆုံးကာ ၁၃၂ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက ယနေ့(ဧပြီ ၁၂ရက်) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Facebook