Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်တွင် စစ်​ဘေး​ရှောင်များရှိ​နေ​သော ဘုန်းကြီး​ကျောင်းကိုစစ်​တပ်ဗုံးကြဲ​သောရုပ်သံမှတ်တမ်းထွက်​ပေါ်လာ

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

Banmaw Scout Team

​မေ-၁၀၊၂၀၂၅။ကဖေး/People’s Spring

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

စစ်ကောင်စီက ​မေ ၈ ရက် ညနေပိုင်းတွင် ဗန်းမော်မြို့၊ ကမ်းနားလမ်းရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်း နှင့် ညောင်ပင်ရပ်ကွက်ရှိတောင်လေးလုံးဘုန်းကြီးကျောင်းကိုဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်စစ်ရှောင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တောင်လေးလုံးဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်​ဘေး​ရှောင်များ ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ မသိရှိရသေးပေ။

၁ မိနစ်​ခွဲကျော်​သောရုပ်သံမှတ်တမ်းတွင် ရာနှင့်ချီ​သော စစ်​ဘေး​ရှောင်များကို KPDF တပ်ဖွဲ့ဝင်အချို့က ​ပြောင်း​ရွေ့ရန်ပြင်ဆင်​နေစဥ် ဗုံးကြဲခံရခြင်းဖြစ်​သည်။စစ်​ဘေး​ရှောင်အချို့ ဒဏ်ရာရရှိပြီး ​စစ်​​ဘေးရှောင်များငို​ကြွေး​နေကြသည်ကိုလည်း​တွေ့ရသည်။

ဗန်း​မော်မြို့တွင် တိုက်ပွဲပြင်းထန်နေစဉ် ဒေသခံ ၄၀၀ ကျော် ခိုလှုံနေသည့်ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ဗုံးကြဲမှု၌ စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာသွားကြောင်း ဗန်း​​မော်မြို့စစ်ရေးသတင်းများဖော်ပြပေးနေသည့် Banmaw Scout Team နှင့် ​ဒေသတွင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

” ဗန်းမော်ကမ်းနားရိပ်သာ နဲ့ တောင်လေးလုံးကျောင်းမှာစစ်ရှောင်တွေစုနေတာစစ်တပ်အသိဆုံးပါ။ စစ်တပ်ကဗန်းမော်တိုက်ပွဲစတာနဲ့ညောင်ပင်ရပ်၊မင်းကျောင်းကုန်းကလူတွေကိုရပ်ကွက်ထဲကနေသေ‌နတ်ပစ်ခြိမ်းခြောက်ထုတ်ပြီး မြို့ကထွက်ဖို့မောင်းထုတ်တယ်။မရှောင်နိုင်တဲ့သူတွေ၊ တပ်မိသားစုတချို့ကိုကမ်းနားရိပ်သာမာစစ်ရှောင်ခိုင်းစေခဲ့ပါတယ်။စစ်တပ်ကတောင်လေးလုံးနဲ့ကမ်းနားရိပ်သာမှာစစ်ရှောင်တွေရှိတာသိသိနဲ့တပ်စွဲခဲ့တာပါ။ညောင်ပင်ရပ်၊မင်းကျောင်းကုန်းရပ်ကွက်ရောအကုန်တပ်ဆွဲခဲ့တာ ဗန်းမော်ကသူတွေအသိဆုံးပါ။တော်လှန်းရေးတပ်တွေကစစ်တပ်တပ်စွဲထားနဲ့ တောင်လေးလုံးကျောင်းကနေရာတချို့ကိုထိုးစစ်ဆင်တယ်။စစ်တပ်ဆုတ်သွားတဲ့အခါ စစ်ရှောင်ပြည်သူတွေကိုခေါ်ထုတ်ပေးတယ်။ကမ်းနားရိပ်သာဘက်ကလူတွေကိုခေါ်ထုတ်တယ်။ပြီးရင်ဘေးလွတ်ရာကိုရွေ့ပေးဖို့လုပ်နေတဲ့အချိန်မှာဗုံးကြဲတယ်ဆိုတာစစ်ရှောင်တွေကိုသာကိုယ်တွေ့မေးကြည့်ပါ”ဟုဖော်ပြထားသည်။

စစ်​ကောင်စီဝါဒဖြန်တယ်လီဂရန်ချန်နယ်များ၊​ဖေစ်ဘွခ်အ​ကောင့်များက KIA နှင့် PDF များကို ဗုံးကြဲခြင်းဟုလည်း​ကောင်း ၊ KIA နှင့် PDF များကစစ်​ရှောင်များကိုလူသားဒိုင်းလုပ်ထား၍ ဗုံးကြဲခြင်းဟုလည်း ဝါဒဖြန့်ချီ​ရေးသားဖြန့်​ဝေ​နေကြသည်။ဗုံးကြဲမှု​​ကြောင့် စစ်​ဘေး​ရှောင်များမထိဘဲ KIA နှင့် PDF များသာထိခိုက်ခဲ့​ကြောင်း ၎င်းတို့ကသတင်းအမှားဖြန့်ချီခဲ့ကြသည်ကို​တွေ့ရသည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ ငါးလ​ကျော်ပြီဖြစ်​သော်လည်း အခြား​ဒေသသို့ ​ပြောင်း​ရွေ့ရန်​ငွေ​ကြေးမတက်နိုင်သူများ ၊မြို့မှ မ​ပြောင်း​ရွေ့လိုသူများ နှင့် မိုး​မောက်၊မန်စီမြို့သိမ်းတိုက်ပွဲများတိုက်ခိုက်စဥ် ဗန်း​မော်မြို့သို့​ပြောင်း​ရွေ့လာ​သောစစ်​ဘေး​ရှောင်များမှာ တိုက်ပွဲပြင်းထန်​နေ​သောလည်း မြို့ရှိ ဘုန်းကြီး​ကျောင်းများ ၊​ကျောင်းများ၊ဘာသာ​ရေးအ​ဆောက်အအုံအချို့တွင် ​တိမ်း​ရှောင်​နေကြ​ရခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ရုပ်သံ-Nyan Lin Aung /Banmaw Scout Team

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

Facebook