Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − TNLA

ဒီဒီး၊ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိစာသင်ကျောင်းအား ယနေ့(မတ်လ ၁၆ရက်) ညနေ ၅နာရီ ၂၆မိနစ် နှင့် ၂၇မိနစ်တို့တွင် ဗုံးလေးလုံး၊ညနေ ၅နာရီ ၃၂မိနစ်နှင့် ၃၃မိနစ်တွင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

” သံဃာ ၉ပါးက ကိုရင် ၈ပါးနဲ့ ဘုန်းကြီးတစ်ပါး။ လူက ၅ဦး လက်တလော စာရင်းရထားတယ်”ဟု နောင်ချိုမြို့ ဒေသခံက ပြောသည်။ လူ ငါးဦးမှာ စစ်ဘေးရှောင်များဖြစ်ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးဟု နောင်ချိုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုအများအပြား ထိခိုက်မှုရှိပြီး နေအိမ်နှင့် ကျောင်းဆောင်လည်း အများအပြား ထိမှန်ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်ရှိ အုမ္မသီးလမ်းခွဲနေရာများနှင့် တောင်းခမ်းကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်တွင် စစ်ရေးလှုပ်ရှားမှုမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မတ်လ ၁၄ရက် ညနေကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ် အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၄ရက်နှင့် မတ်လ ၁၅ရက်တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော်လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၁၅ရက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားနေည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။