သတင်း တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့ ယနေ့ (ဩဂုတ် ၃၁ ရက်)တွင် မောတုံ နှင့် ပေပင်ချောင်ရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ မောတုံရွာ နှင့် ပေပင်ချောင်ရွာတို့အား မီးစတင်ရှို့နေကြောင်း အသိပေးထား သည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း ၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး စစ်ကောင်စီတပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို နေရာပေါင်း ၆၇၀ ကျော်မှာကျုးလွန်ခဲ့တာဖြစ်ပြီးအများဆုံးက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းမှာဖြစ်ပါတယ်။ LuduNwayOoဩဂုတ် 28, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့၍ နေအိမ် ၅၀၀ကျော်မီးလောင်ခဲ့သည့် ငတရော်ရွာပြည်သူများကို အရေးပေါ် ကူညီမှုပေးရန် ရေစကြိုဒေသ PDF တောင်းဆို အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 20, 2022
သတင်း ပေါက်နယ်တွင် မိုင်းထိသေဆုံးစစ်သားအား စစ်ကောင်စီတပ်ကိုယ်တိုင် မီးရှိူ့သွားဟုဆို ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။ LuduNwayOoဩဂုတ် 18, 2022
သတင်း အိမ်ခြေ လေးထောင်ခန့်ရှိသည့် မူးကမ်းကြီးရွာကို စစ်ကောင်စီမီးရှို့၍အိမ်အနည်းငယ်သာကျန် မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဩဂုတ် 10, 2022
သတင်း စစ်ကောင်စီတပ်ကမူးကမ်းကြီးရွာတွင်အသံချဲ့စက်ဖြင့်ဆဲဆိုစိန်ခေါ်၍ ရွာကိုမီးရှို့နေ၊ဒေသခံများထွက်ပြေးနေရ စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်းဒေသခံအချို့ကပြောသည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း ဝမ်းတွင်းတွင် မီးရှို့အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို နွားကလိုက်ဝှေ့၊ ဝှေ့သည့်နွားအားရဲစခန်းပို့ခိုင်း ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ဝက်လက်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ရွာသာရွာကို မီးဝင်ရှို့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ မီးငြှိမ်းသတ်ပေး စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ငါးဦးသေဆုံးသည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်နေ "ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်"ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။ LuduNwayOoဇူလိုင် 31, 2022
သတင်း ကင်မွန်းခြုံရွာတိုက်ပွဲသေဆုံးစစ်သားနှင့်ပျူအလောင်းများအား စစ်တပ်ကမီးရှို့ရာတွင် မီးလောင်လွယ်သောဆေးရည်အသုံးပြုဟု PDFပြော သေသွားသောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ကျော်တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။ LuduNwayOoဇူလိုင် 29, 2022