Connect with us

Hi, what are you looking for?

သတင်း

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိ

မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အနီးကပ် စောင့်ကာတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

မွေ့တုံကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ကျားသစ်နက်
မွေ့တုံကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ကျားသစ်နက်

▪️စစ်ကောင်စီတပ်သားများစားမည့်အစာထဲ အဆိပ်ပါခပ်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် စစ်ကောင်စီတပ် အား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြားကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ၁၃ ရက်) နံနက်အစောပိုင်းက ပုလဲမြို့နယ်၊ ရွှေလောင်းကျေးရွာ၌ ညအိပ်ပြီးထွက်လာသော အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီစစ် ကြောင်းသည် မွေ့တုံကျေးရွာတွင်းသို့ ပစ်ခတ်ဝင် ရောက်လာခဲ့ပြီး အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အနီးကပ် စောင့်ကာတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲခြင်း၊ တိုက်မိုင်းနင်းမိုင်းများထောင်ထားခြင်း၊ ကျေးရွာတွင်း၌ စစ်ကောင်စီတပ်သားများစားမည့် အစာများအတွင်း အဆိပ်ခပ်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက်က ငါးဦးသေဆုံးကာ ၃၀ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ ဆိုသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သွားသော စစ်ကောင်စီတပ်သားများကို ပုလဲမြို့ပေါ်ရှိ စစ်တပ်က Faw ကားများဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။