Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်မီးရှို့၍ နေအိမ် ၅၀၀ကျော်မီးလောင်ခဲ့သည့် ငတရော်ရွာပြည်သူများကို အရေးပေါ် ကူညီမှုပေးရန် ရေစကြိုဒေသ PDF တောင်းဆို

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာ မှ ဒေသခံပြည်သူလူထုများ အရေးပေါ် အကူအညီများ လိုအပ်နေ၍ ထောက်ပံ့ကူညီပေးကြရန် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်ဝေကြီးက ပြည်သူလူထုများထံ တောင်းဆိုသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းပြီး ကူညီကြပါအုံး။ ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့ ဒုက္ခအပူတွေကိုကူထမ်းပေးကြပါအုံး အကူအညီတောင်းခံချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးများသည် ဩဂုတ် ၁၇ရက်မှစ၍ ငတရော်ရွာကို ဝင်ရောက်တပ်စွဲပြီး အိမ်ခြေ ၆၀၀ ကျော်ရှိသည့် ရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – U Waiyan Naing

“ငတရောရွာကို တညအိပ် ၂ရက် စစ်ကောင်စီက ဝင်ရောက်တပ်စွဲပြီး အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ရွာကို ရွာလုံးကျွတ်နီးပါး ရှို့သွားတာ။ အိမ်ခြေ ၅၀၀ ကျော်ပါသွားတယ်။ ဘာမှကို မကျန်တော့ဘူး။ နွားတွေရော မြင်းတွေရော အကုန်ပါသွားတာ။ အိမ်ခြေ ၅၀၀ ကျော်က ပြည်သူတွေက နေစရာမရှိတော့ စစ်ရှောင်စခန်းမှာ နေနေရတယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ငတရော်ရွာကို မလာမီ လှေခုပ်ရွာမှ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့သေးကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – U Waiyan Naing

“အကြမ်းဖက် စစ်တပ်ကတော့ မနိုင်နိုင်ရာ မဲမှာပဲ။ ပြည်သူလူထုကို ဒုက္ခ အမျိုးမျိုးပေးမှာ။ တော်လှန်ရေးကို အားလျော့သွားအောင် ပြည်သူလူထုကို နောက်တွန့်သွားအောင် ဒုက္ခပေးမှာပဲ။ အဲဒီတော့ တော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲညီညီ ပြည်သူနဲ့ ပူးပေါင်းပြီး တော်လှန်ရေး အောင်တဲ့အထိ ကြံ့ကြံ့ခံရင်ဆိုင်ကြဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များ ယနေ့တွင်လည်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်ရှိနေပြီး ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။