Connect with us

Hi, what are you looking for?

သတင်း

တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့

ယနေ့ (ဩဂုတ် ၃၁ ရက်)တွင် မောတုံ နှင့် ပေပင်ချောင်ရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ မောတုံရွာ နှင့် ပေပင်ချောင်ရွာတို့အား မီးစတင်ရှို့နေကြောင်း အသိပေးထား သည်။

ရွာထဲပိတ်မိနေသည့် အရပ်သားပြည်သူအချို့ကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်က မူးမြစ်ထဲသို့ မျှော၍ အလောင်းဖျောက်ဟုဆို

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် မြို့နယ်အတွင်းရှိ တည်ပင်ဆိပ်ရွာတွင် ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးအခြေအနေများကို ဖော်ပြနေသည့် Infinity Group က အသိပေးသည်။

ထို့ပြင် သဖန်းဆိပ်ဆည်အနောက်မြောက်ခြမ်းရှိ တည်ပင်ဆိပ်ရွာ၌ စစ်ကောင်စီတပ်က သတ်ဖြတ်ကာ စွန့်ပစ်ထားသည့် ရုပ်အလောင်း နှင့် မီးရှို့ထားသည့် ရုပ်အလောင်း (၈)လောင်းတွေ့ရှိထားပြီး သေဆုံးသူများမှာအရိုးစုများသာတွေ့ရသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးဟုဆိုသည်။

တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့
တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့

အကြမ်းဖက်စစ်ကောင်စီမှ တယ်ပင်ဆိပ်ကျေးရွာသို့ ဝင်ရောက်တပ်စွဲသည့် ရက်များ၌ ရွာထဲတွင်ပိတ်မိနေသော အရပ်သားပြည်သူအချို့ကို သတ်ဖြတ်ကာ မူး(မူးမြစ်)ထဲကို မျှော၍ အလောင်းဖျောက်ခဲ့ရာ ဩဂုတ်၂၉ ရက် ညနေပိုင်းက မူးမြစ်ထဲမျောပါလာသော တယ်ပင်ဆိပ်ရွာသား အသက်(၄၀)ဝန်းကျင် ဦးတင်မင်း၏ ရုပ်အလောင်းအား ကောလင်းမြို့နယ် ခေါင်းဖြူရွာမှ ဆယ်ယူကာ သင်္ဂြိုလ်ပေးလိုက်ခဲ့ရသည်ဟု ဒေသခံများ၏ အတည်ပြုချက်ဖြင့် ဖော်ပြထား သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကန့်ဘလူအထက်ပိုင်းဒေသအား ဩဂုတ်လ ၂၃ ရက်မှ ယနေ့ (ဩဂုတ် ၃၁ ရက်) အထိ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း ပြည်သူလူထုများအား ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့
တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့

အရပ်သားပြည်သူများ သတ်ဖြတ်ခံရခြင်း၊ ပကဖ အဖွဲ့ဝင်အချို့ အသတ်ခံရခြင်းနှင့် ကျေးရွာများ မီးရှို့ခံရခြင်းများလည်း ရှိခဲ့ပြီး ဒေသခံ ပြည်သူ သောင်းနှင့်ချီ စစ်ဘေးရှောင်နေကြရကြောင်း အသိပေးထားသည်။

ကျွန်းလှမြို့နယ် မော်တုံနှင့် ပေပင်ချောင် ရွာတို့တွင် ဆက်လက်တပ်စွဲနေသော အင်အား ၁၈၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းတွင် ဓားစားခံအဖြစ် ဖမ်းထာသည့် ပြည်သူ ၅ဦးခန့် ရှိကြောင်း ကြားသိရသည်ဟု ဖော်ပြထားသည်။

တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့
တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့

တဖန် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော ခန့်မှန်း အင်အား ၈၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုသည် ကျေးရွာများအား မီးရှို့ခြင်း၊ကျေးရွာ ပကဖ အဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူများကို သတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခြင်း၊ ပြည်သူများအား ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ကန့်ဘလူ–ကျွန်းလှ–ကောလင်း သုံးနယ်အား အကြမ်းဖက်စစ်ကောင်စီမှ တပြိုင်တည်း ထိုးစစ်ဆင်ဝင်ရောက်နေပြီး တစ်ပတ်အတွင်း မီးရှို့ခံရသည့် ရွာ ၈ရွာရှိလာပြီဖြစ်သည်။ ကန့်ဘလူအထက်ပိုင်းဒေသတွင် တပတ်အတွင်း မီးအရှို့ခံရသည့် ပြည်သူလူထု နေအိမ် ၃၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

ယနေ့ (ဩဂုတ် ၃၁ ရက်)တွင် မောတုံ နှင့် ပေပင်ချောင်ရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ မောတုံရွာ နှင့် ပေပင်ချောင်ရွာတို့အား မီးစတင်ရှို့နေကြောင်း အသိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။