Connect with us

Hi, what are you looking for?

သတင်း

ရွာကိုမီးရှို့ပြီး ထွက်လာသည့် စစ်ကောင်စီတပ်ကို PDF တမူး မိုင်းဆွဲတိုက်ခိုက်

“လောလောဆယ်ထိတွေ့မှုဖြစ်ထားပေမယ့်၊ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။ ကျွန်တော်တို့ တပ်ရင်း(၃)ရဲဘော်များတော့ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

(ရန်လင်းဖိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)
(ရန်လင်းဖိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ပြီးထွက်လာသည့် သံချပ်ကာယာဉ်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အသေအပျောက်များရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – တမူး တပ်ရင်း(၃)က တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကြောင်းတွင် သံချပ်ကာယာဉ်တစ်စီးနှင့် စစ်ကား လေးစီးပါဝင်ပြီး ရန်လင်းဖိုင်ရွာကို ယနေ့(စက်တင်ဘာ ၁၉ရက်) နံနက်၉နာရီခန့်က မီးရှို့ပြီး ထွက်လာစဉ် နံနက် ၁၀နာရီခန့်တွင် နန်မွန်းတားကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

“လောလောဆယ်ထိတွေ့မှုဖြစ်ထားပေမယ့်၊ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။ ကျွန်တော်တို့ တပ်ရင်း(၃)ရဲဘော်များတော့ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ကြောင်းသည် ကလေးမြို့မှ စက်တင်ဘာ ၁၅ရက်ကတည်းက ထွက်လာပြီး ယနေ့နံနက်ပိုင်းတွင် တပ်ရင်း၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေအတွင်းဝင်ရောက်လာခြင်းကြောင့် မိုင်းဆွဲရခြင်းဖြစ်သည်ဟု PDF(တမူး)တပ်ရင်း – ၃ က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။