Connect with us

Hi, what are you looking for?

သတင်း

၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး

စစ်ကောင်စီတပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို နေရာပေါင်း ၆၇၀ ကျော်မှာကျုးလွန်ခဲ့တာဖြစ်ပြီးအများဆုံးက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းမှာဖြစ်ပါတယ်။

၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး
၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး

အာဏာသိမ်းပြီး ၁၈ လကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွ မီးရှို့လို့ နေအိမ် အလုံး ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ဒီနေ့ညပိုင်းမှာစာရင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် သြဂုတ်လ ၂၅ ရက်အထိ ကာလအတွင်းဖြစ်ပါတယ်။

၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး
၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး

စစ်ကောင်စီတပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို နေရာပေါင်း ၆၇၀ ကျော်မှာကျုးလွန်ခဲ့တာဖြစ်ပြီးအများဆုံးက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၂၀၁၅၃ လုံး ၊မကွေးတိုင်းမှာ အိမ်ခြေ ၅၄၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး
၁၈ လကျော်ကာလအတွင်းစစ်တပ်မီးရှို့လို့ နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် ပျက်စီးဆုံးရှုံး

ကျန်တဲ့မီးရှို့ ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၂၈၀၀ ကျော်ကတော့ ချင်းပြည်နယ် ၊ကယားပြည်နယ် ၊မွန်ပြည်နယ် ၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကတော့ ကုလအထူးကိုယ်စားလှယ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ဆုံရာမှာ စစ်တပ်ဟာ လူထုရဲ့အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးတာမရှိကြောင်း ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။