Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မီးရှို့နေ၍ ရွာသုံးရွာထက်မနည်းတိမ်းရှောင်နေရ

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးပြီး ပြည်သူတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့နေ၍ ကျေးရွာသုံးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေပြီး ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးကာ ‌ဒေသခံပြည်သူတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၂ နာရီခန့်က မြောင်မြို့စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်များသည် နံနက် ၅နာရီခွဲတွင် နဘက်ရွာသို့ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် နဘက်ရွာအရှေ့ဘက် အင်းစောင်းတွင် ပြည်သူတစ်ဦးပစ်သတ်ခဲ့ပြီး နဘက်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

စစ်ကောင်စီတပ်၏ ပစ်ခတ်စီးနင်းဝင်ရောက်နေမှုကြောင့် နဘက်၊ဆွဲလဲအို၊ဖွားစောအပါအဝင် လမ်းတစ်လျှောက်ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

နဘက်ရွာတွင် ပြည်သူများဘေးကင်းစေရေး စစ်ကောင်စီလမ်းကြောင်းကို ကင်းထောက်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို စစ်ကောင်သီတပ်က ပစ်ခတ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျဆုံးတာက ကျွန်တော့်သူငယ်ချင်း ဗိုလ်တောက်ထွန်း။ စစ်ကောင်စီက မနေ့ကလေကြောင်းနဲ့ အင်အားလာချပြီး ဒီနေ့စစစ်ကြောင်းထိုးနေတာ”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

မြောင် CDSOMအဖွဲ့မှ ကိုနွေဦး-မြောင်ကလည်း “ပြည်သူများ နဘက်၏ မြောက်ဘက်ထွက်လျှင် ွေးလက်ကျန်အင်အားနဲ့တိုးနိုင်ပါတယ်။တောင်ဘက်ထွက်လျှင် ကျောက်ရစ်စခန်းမှ ကင်းပုန်းများရှိလျှင် တိုးမိသွားနိုင်ပါတယ်။ ပြည်သူများ အထူးသတိထားပြီးရှောင်ကြပါ။ ကျောက်ရစ်စခန်းသို့ အင်အားဖြည့်ကာ မြောင်နယ်တောင်ပိုင်း မြစ်ဆုံရွာသို့ ရှင်းလင်းရေးဝင်မယ်လို့ သတင်းများထွက်နေပါတယ်။အန္တရာယ်အကင်းဆုံး အရှေ့နှင့် အနောက်ဘက်များသို့ ရှောင်တိမ်းကြပါရန် အသိပေးအပ်ပါတယ်။”ဟု သတိပေးသည်။

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၇နာရီခွဲခန့်က မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အီနာဂါဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။