Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မီးရှို့နေ၍ ရွာသုံးရွာထက်မနည်းတိမ်းရှောင်နေရ

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးပြီး ပြည်သူတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့နေ၍ ကျေးရွာသုံးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေပြီး ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးကာ ‌ဒေသခံပြည်သူတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၂ နာရီခန့်က မြောင်မြို့စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်များသည် နံနက် ၅နာရီခွဲတွင် နဘက်ရွာသို့ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် နဘက်ရွာအရှေ့ဘက် အင်းစောင်းတွင် ပြည်သူတစ်ဦးပစ်သတ်ခဲ့ပြီး နဘက်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

စစ်ကောင်စီတပ်၏ ပစ်ခတ်စီးနင်းဝင်ရောက်နေမှုကြောင့် နဘက်၊ဆွဲလဲအို၊ဖွားစောအပါအဝင် လမ်းတစ်လျှောက်ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

နဘက်ရွာတွင် ပြည်သူများဘေးကင်းစေရေး စစ်ကောင်စီလမ်းကြောင်းကို ကင်းထောက်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို စစ်ကောင်သီတပ်က ပစ်ခတ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျဆုံးတာက ကျွန်တော့်သူငယ်ချင်း ဗိုလ်တောက်ထွန်း။ စစ်ကောင်စီက မနေ့ကလေကြောင်းနဲ့ အင်အားလာချပြီး ဒီနေ့စစစ်ကြောင်းထိုးနေတာ”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြောင် CDSOM

မြောင် CDSOMအဖွဲ့မှ ကိုနွေဦး-မြောင်ကလည်း “ပြည်သူများ နဘက်၏ မြောက်ဘက်ထွက်လျှင် ွေးလက်ကျန်အင်အားနဲ့တိုးနိုင်ပါတယ်။တောင်ဘက်ထွက်လျှင် ကျောက်ရစ်စခန်းမှ ကင်းပုန်းများရှိလျှင် တိုးမိသွားနိုင်ပါတယ်။ ပြည်သူများ အထူးသတိထားပြီးရှောင်ကြပါ။ ကျောက်ရစ်စခန်းသို့ အင်အားဖြည့်ကာ မြောင်နယ်တောင်ပိုင်း မြစ်ဆုံရွာသို့ ရှင်းလင်းရေးဝင်မယ်လို့ သတင်းများထွက်နေပါတယ်။အန္တရာယ်အကင်းဆုံး အရှေ့နှင့် အနောက်ဘက်များသို့ ရှောင်တိမ်းကြပါရန် အသိပေးအပ်ပါတယ်။”ဟု သတိပေးသည်။

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၇နာရီခွဲခန့်က မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အီနာဂါဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။