Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

တောင်စုကျေးရွာမှာတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး မိမိတို့ရဲ့ကျေးရွာထဲမှာသာ နေထိုင်စေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

ကျေးရွာနှစ်ရွာက ဒေသခံပြည်သူပြည်သူလူထုတွေကို ရွာထဲကနေထွက်ခွာဖို့နဲ့ မထွက်ရင် ရွာကိုမီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၁)ရက်နေ့က ကေအဲန်ယူ – မူးမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းက ခေါ်တွေ့ပြီး ကျေးရွာပြည်သူလူထုတွေကို ရွာထဲကနေထွက်ခွာဖို့ မထွက်ခွာပါက ရွာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

စစ်ကောင်စီတပ်ရဲ့ခြိမ်းခြောက်မှုကြောင့် တမာခေါကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး စက်တင်ဘာ(၁၂)ရက်နေ့က ကျေးရွာကနေ ရွာလုံးကျွတ်ထွက်ခွာကာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေကို ရွှေ့ပြောင်းနေထိုင်ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တမာခေါကျေးရွာမှာ အိမ်ခြေစုစုပေါင်း(၆၁)လုံးနဲ့ လူဦးရေ(၃၃၄)ဦး နေထိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်စုကျေးရွာမှာတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး မိမိတို့ရဲ့ကျေးရွာထဲမှာသာ နေထိုင်စေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော
ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော

ကေအဲန်ယူ-ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းကနေ စတင်ကာ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာအုပ်စု(၁၇)စုက ကျေးရွာပေါင်း(၆၄)ရွာ၊ အိမ်ခြေပေါင်း(၂၁၁၆)လုံးနဲ့ လူဦးရေစုစုပေါင်း(၁၂၄၅၃)ဦးအထိ ရှိခဲ့တာဖြစ်ပြီး ဩဂုတ်လကနေ စက်တင်ဘာလ(၁၃) ရက်အတွင်း စစ်ဘေးရှောင်ဦးရ(၆၂၁၆)ဦး ထပ်တိုးများလာတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။