သတင်း ဟားခါးသို့လာသည့် စစ်ယာဉ်တန်းမှ ယာဉ်နှစ်စီး ချင်းတပ်ဖွဲ့ သိမ်းပိုက်၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ နှစ်စီးပျက်စီးခဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဧပြီ ၈ရက်)တွင် ဟားခါးနှင့် ဖလမ်းနယ်စပ်၌ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 9, 2023
သတင်း ဟားခါး၌ မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်ကောင်စီဝန်ထမ်းများအား သတိပေး ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoမတ် 27, 2023
သတင်း ဖလမ်း – ဟားခါးလမ်း၌ ချင်းပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ် ခုနစ်ဦးထပ်မနည်းသေ မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။ LuduNwayOoမတ် 24, 2023
သတင်း တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ဖလမ်း – ဟားခါးလမ်းပိုင်း ခရီးသွားလာခြင်းမပြုရန် CNO/CNDF သတိပေး CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။ LuduNwayOoမတ် 19, 2023
သတင်း စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တိုက်ခိုက် ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ LuduNwayOoမတ် 10, 2023
သတင်း ဟားခါးစာသင်ကျောင်း၌ လုံခြုံရေးတာဝန်ယူနေသည့်ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း မတူပီ – ဟားခါးကြား ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ နှစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း ဟားခါး CDFအနေဖြင့် (၂)နှစ်အတွင်း တိုက်ပွဲ ၁၆၀ ကျော်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်သေဆုံးခဲ့ဟု ထုတ်ပြန် ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2023
သတင်း မတူပီ – ဟားခါးလမ်းရှိ ငလိုင်ရွာခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များအား စစ်ကောင်စီ မီးရှို့ စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်မှစ၍ ကျေးရွာအတွင်းတပ်စွဲပြီး နေအိမ်များကို မွှေနှောက်ဖောက်ထွင်းခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၆ရက်တွင် နေအိမ် ၅လုံးထက်မနည်း မီးရှို့ခံရသည်ဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 18, 2023
သတင်း မတူပီ – ဟားခါးလမ်းရှိ ငလိုင်ရွာ စစ်ကောင်စီတပ်ဝင်စီး၍ CDFနှင့် တိုက်ပွဲဖြစ် ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ - ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 15, 2023