Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ဟားခါးလမ်း၌ ချင်းပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ် ခုနစ်ဦးထပ်မနည်းသေ

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)
(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းအား ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“ဖလမ်းရောက်ပြီးမှ အခု ဟားခါးကို ဆက်ပြီးတော့ သွားဖို့အခု ဖလမ်းကနေ ထွက်လာတယ်။ အခုက သုံးလေးရက်တော့ကြာပြီ။ အဲဒီမှာ စစ်ယာဉ်တန်း အစီးရေ ၃၀။ တင့်ကား ၂စီးအပါအဝင်ပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်မှု ဖြစ်နေတာပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက်က အကျအဆုံးက ၇ယောက်ကျတယ်ပေါ့။ ဖလမ်းကနေ အထွက် လုံပီး စိုက်ပျိုးရေးကျောင်း လုံပီးရွာ အဲဒီနားမှာပဲ ဆက်လက်ပြီး သောင်တင်နေခဲ့တယ်။ ဆက်ပြီး မတိုးနိုင်တဲ့အနေအထားမှာရှိတယ်။ သူတို့သွားတဲ့ ပုံစံက လမ်းဘေးဝဲယာ ယာဉ်တန်းလုံခြုံရေးအဓိက လုပ်တယ်။ အဲဒီမှာ ရဲနဲ့ စစ်သားက အင်အား ၂၀၀ နီးပါးတော့ရှိတယ်လို့ သိရတယ်။ အဓိကတော့ ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင် လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါယာဉ်တန်းကို CNA ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-SIYIN) တို့ကလည်း ကလေး -ဟားခါးလမ်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း CNDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပုံမှန်အခြေအနေတွင် နေ့တစ်ဝက်ခန့်သာသွားရသည့် ကလေး- ဖလမ်း လမ်းကို စစ်ကောင်စီတပ်က နှစ်ပတ်နီးပါး ခရီးနှင်ခဲ့ရပြီး ပုံမှန်အခြေအနေတွင် တစ်နာရီခွဲခန့်သာသွားရသည့် ဖလမ်း-ဟားခါးလမ်းကို စစ်ကောင်စီတပ်က သုံးရက်ကြာသည်အထိ မရောက်နိုင်ဘဲ ယခုအချိန်ထိ မြို့အထွက် (၅)မိုင်ခန့်သာရောက်ရှိသေးသည်ဟု ဆလိုင်းထက်နီက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။