Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးသို့လာသည့် စစ်ယာဉ်တန်းမှ ယာဉ်နှစ်စီး ချင်းတပ်ဖွဲ့ သိမ်းပိုက်၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ နှစ်စီးပျက်စီးခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဧပြီ ၈ရက်)တွင် ဟားခါးနှင့် ဖလမ်းနယ်စပ်၌ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ - The Chin Journal)

▪️ယနေ့ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရရှိဟု CAN ပြော

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့တွင် ချင်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ယာဉ်နှစ်စီး ပျက်စီးပြီး လမ်းတွင် ချန်ထားခဲ့ရကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဧပြီ ၈ရက်)တွင် ဟားခါးနှင့် ဖလမ်းနယ်စပ်၌ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ – The Chin Journal)

၀မနေ့က စစ်ယာဉ်တန်း ကျနော်တို့နဲ့ တိုက်ပွဲတွေဖြစ်တာပေါ့။ ဖြစ်ရင်းနဲ့အဲဒီ ကားနှစ်စီးက ကျနော်တို့ ဒရုန်းချလိုက်လို့ ပျက်စီးသွားတာပေါ့။အဲဒီမှာ ရှိတဲ့ ပစ္စည်းတွေဘာတွေကို တခြားကားပေါ်တင်ပြီးတော့ အဲဒီကားတွေကို သူတို့ မထိန်းနိုင်တော့ဘူး။ အဲဒီမှာ သူတို့ရှေ့တိုးတဲ့အချိန်မှာ ကျနော်တို့ ကြားဖြတ်ဝင်ပြီးတော့ သွားပြီးတော့ သိမ်းတာပေါ့။ သူတို့ဆီတိုင်ကီတွေပေါက်အောင် ကျနော်တို့လုပ်တာ ရှေ့ဆက်မသွားနိုင်ဘူး။”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ခုနလေးတင်ပဲ အဲဒီ ကားလမ်းပေါ်မှာ ကျနော်တို့ မိုင်းတွေနဲ့ချတယ်။ အဲဒါက ကားမဟုတ်ဘဲ ကားလုံခြုံရေးယူတဲ့ဟာတွေ။သူတို့ ၅ယောက်ထဲက တစ်ယောက် တော့ လဲသွားတာ ကျနော် တို့တွေ့တယ်။ လေးယောက်ကတော့ ဒဏ်ရာ အဲဒီလို တစ်ယောက်စ နှစ်ယောက်စ အဲဒီလို ဖြုတ်တာ ဒဏ်ရာရတာရှိတာပေါ့။ တိုက်ပွဲကတော့ ရှေ့ဆက်ပြီး ဖြစ်လာမယ့် အနေအထားမှာပဲရှိတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးစစ်ဗျူဟာသို့ လက်နက်ရိက္ခာ၊ခဲယမ်းပို့လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို ချင်းတပ်ဖွဲ့ သိမ်းပိုက်နေစဉ်။ ဓာတ်ပုံ – The Chin Journal)

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တစ်လကျော်ကြာသည်အထိ ဟားခါးမြို့သို့ မရောက်နိုင်ဘဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။