Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ဟားခါးလမ်းရှိ ငလိုင်ရွာ စစ်ကောင်စီတပ်ဝင်စီး၍ CDFနှင့် တိုက်ပွဲဖြစ်

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - မတူပီ CDF)
(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - မတူပီ CDF)

▪️စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးပျောက်ဆုံးနေ

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးလည်း အဆက်အသွယ်ပျောက်ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ငလိုင်ရွာအတွင်း ခြေကုပ်နေရာယူထားကာ ယခုညပိုင်းအထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မတူပီ – ဟားခါးလမ်းပေါ်၌ အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေရှိကြောင်းလည်းမတူပီ CDFက အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ အားလုံး ဖြတ်တောက်ခံထား၍ မတူပီ CDFအနေဖြင့် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။