Connect with us

Hi, what are you looking for?

သတင်း

ဟားခါး CDFအနေဖြင့် (၂)နှစ်အတွင်း တိုက်ပွဲ ၁၆၀ ကျော်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်သေဆုံးခဲ့ဟု ထုတ်ပြန်

ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်)

▪️လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် မြို့တွင်း စစ်ဆင်ရေးများ တိုးမြှင့်ဖော်ဆောင်ကြရန် တိုက်တွန်း

ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)အ နေဖြင့် ပြီးခဲ့သည့် (၂)နှစ်အတွင်း တိုက်ပွဲပေါင်း ၁၆၆ကြိမ် ဖော်ဆောင်ခဲ့ရာ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁၀ဦးသေဆုံးကာ ၂၂၂ဦး ဒဏ်ရာရခဲ့ကြောင်း ဟားခါး CDF က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(၂)နှစ်တာကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၄ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်း၊ ပြည်သူ ၃၇၄ ဦး မတရား ဖမ်းဆီး ချုပ်နှောင်ခံရပြီး ပြည်သူလူထုနေအိမ် ၃၀လုံး မီးလောင်ခဲ့ကြောင်း၊ နေအိမ်ပျက် စီးမှုများလည်းရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေးအတွက် နောက်ဆုံး တိုက်ပွဲဖြစ်သော နွေဦးတော်လှန်ရေးတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ဆင်ရေး၊ အထူးသဖြင့် မြို့တွင်း စစ်ဆင်ရေးများ တိုးမြှင့်ဖော်ဆောင်ကြရန် ဟားခါး CDFက နှိုးဆော်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဟားခါး CDF အနေဖြင့် တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေသော မည်သည့် လုပ်ရပ်ကို မဆို တွန်းလှန် တိုက်ခိုက်မည်ဖြစ်ကြောင်း အသိပေးထားပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသည့် စစ်ကောင်စီ ထောက်တိုင်များ၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ပူးပေါင်း ကြံစည်သူများ မည်သူမဆို မည်သည့်အဖွဲ့မဆို ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်သည်။

ထို့ပြင် အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်ရေးကို အရှိန်မြှင့်ကာဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

အာဏာရူးမင်းအောင်လှိုင်၏ ဦးဆောင်မှုဖြင့် စစ်တပ်က အဓမ္မအာဏာသိမ်းသည့် (၂)နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်ကို နည်းပေါင်းစုံဖြင့် ပြည်သူလူထုမှ တော်လှန်ခဲ့ရာ ဟားခါးမြို့နယ်တွင် လူအင်အား ငါးသောင်းကျော် ပါဝင်သော အထွေထွေသပိတ်ဖြင့် လည်းကောင်း၊ ဝန်ထမ်း CDMer ၄၀၀၀ ကျော်ပါဝင်သည့် CDM ဖြင့်လည်းကောင်း၊ လူအင်အား ၃ ထောင်ကျော် ပါဝင်သော လက်နက်ကိုင်လှုပ်ရှားမှု(CDF-Hakha) ဖြင့်လည်းကောင်း တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် နွေဦးတော်လန်ရေးကို ပါဝင်ဆင်နွဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။