Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တိုက်ခိုက်

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

(ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါ စစ်ယာဉ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါ စစ်ယာဉ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့စစ်ဗျူဟာသို့ ရိက္ခာနှင့် ခဲယမ်း ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ တိုက်ခိုက်ခဲ့ရပြီး သေဆုံးထိခိုက်မှုရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယာဉ်အစီးရေ ၃၀ ခန့်ပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၇ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ ချင်းပြည်နယ် ဟားခါး စစ်ဗျူဟာကို ရိက္ခာလာပို့တဲ့ ယာဉ်တန်းကြီးကို အခု တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီမှာ ဒီနေ့က တီးတိန်နယ်ထဲမှာ တိုက်ပွဲဖြစ်ပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းကွင်းတစ်ခုကို တိုးတော့ အဲဒီမှာ ခြောက်ယောက်သေတယ်။ ၁၄ ယောက် ဒဏ်ရာရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ် ပလက်၀နယ်တွင်လည်း စစ်ကောင်စီတပ်က မတူပီနယ်မှတစ်ဆင့် ရှေ့တန်း ထေဘွေး (ထယ်ဘွေး)တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းလျက်ရှိရာ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။