သတင်း ချောင်းဦးမြို့နယ်တွင် စစ်အုပ်စုအား ၁၀ရက်အတွင်း လေးကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဟု PDFထုတ်ပြန် ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက် PDFများအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်(ပကဖ) ထုတ်ပြန် ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ပြော တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက် ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း စစ်ကောင်စီမီးရှို့သွားသောနေအိမ်များကိုPDFများရှင်းလင်းပေးစဥ်တွေ့သောလက်ဝတ်ရတနာများကိုပိုင်ရှင်ထံပြန်ပေး ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း တန့်ဆည်နယ် အင်္ကုက္ကားရွာမှထွက်လာသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း ရမည်းသင်းမြို့မှ ရွေးကောက်ပွဲရှုံးကြံ့ခိုင်ရေးအမတ်နေအိမ်ကို PDF က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက် ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း မင်းကင်းမြို့နယ်တိုက်ပွဲ စစ်အုပ်စုဘက်မှ ငါးဦးသေ၊ PDF ရဲဘော်တစ်ဦးကျဆုံး ယနေ့(ဇူလိုင်လ ၁ရက်) မင်းကင်းမြို့နယ် တောင်လက်ဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့နှင့် MKPDF-2 တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF တပ်သားတစ်ဦးကျဆုံးပြီး စစ်အုပ်စုဘက်က ငါးဦးမိုင်းထိသေဆုံးသွားကြောင်း ထပ်မံအသိပေးသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း စစ်ကောင်စီထောင်ထားသောမိုင်းများထဲမှဖယ်ခုံPDFရှင်းလင်း၊ ကျန်ရှိနိုင်သေး၍ပြည်သူများသတိထားရန်ထုတ်ပြန် ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း အနောက်ရိုးမတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲပြင်းထန် မကွေတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသော ဧရာဝတီတိုင်းမှ မြို့နယ်အချို့တွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရေး တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာနေသည်။ LuduNwayOoဇူလိုင် 1, 2022