Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက် PDFများအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်(ပကဖ) ထုတ်ပြန်

ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

People's Spring
People's Spring

ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ထိူ့အပြင် ပြည်သူလူထုထံမှ ဆတ်ကြေး အဓမ္မကောက်ခံနေသည်ဟုလည်း ဆိုသည်။

ရှမ်းနီတပ်ဖွဲ့သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းများနှင့်အတူလိုက်ပါပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရန်ရှာတိုက်ခိုက်နေကြောင်း၊ ဖောင်းပြင်မြို့နယ် သရောင်းရွာ စည်ပင်သာယာစျေးအနီးရှိ ဦးမြဟန်-ဒေါ်ကြည်ဟန်တို့ ကုန်ဆိုင်မှဆက်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ကို ဇွန်လ ၂၆ရက်တွင် အဓမ္မကောက်ခံသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရှမ်းနီတပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများနှင့်လိုက်ပါတိုက်ခိုက်ပြီး​ ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခံသည့်အသတင်းများ ရရှိထားကြောင်း ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆက် တွဲသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ရှမ်းနီတပ်ဖွဲ့ကို ကျွန်တော်တို့ မဟာမိတ်လို သဘောထားထားပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ နောက်ထပ် ရန်သူ ထပ်တိုးတာမျိုးကို ကျွန်တော်တို့ ရှောင်လွှဲလိုပါတယ်။ စစ်အာဏာရှင်ကို အတူလက်တွဲပြီး တိုက်ခိုက်လိုပါတယ်”ဟုဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ ပြောသည်။

ငြိမ်းချမ်းရေးလက်မှတ်ထိုးမထားသည့် ရှမ်းနီအမျိုးသားများတပ်မတော်-SNA(ဒေသအခေါ် ရှမ်းနီတပ်ဖွဲ့)သည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုအား အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်နေသည်ဟု စစ်ကိုင်းနှင့်ကချင်ပြည်နယ်မှ ဒေသခံများက ပြစ်တင်ဝေဖန်သည်။

ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။