Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ​ထောင်ထား​သောမိုင်းများထဲမှဖယ်ခုံPDFရှင်းလင်း၊ ကျန်ရှိနိုင်​သေး၍ပြည်သူများသတိထားရန်ထုတ်ပြန်

ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံ​မြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)

ဖယ်ခုံမြို့နယ်တွင်စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းများထဲမှအချို့ကို သွားရောက်ရှင်းလင်းခဲ့ပြီး ကျန်ရှိနိုင်​သေးသဖြင့်ပြည်သူများသွားလာပါကသတိထားကြရန်ဖယ်ခုံ PDF ကထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံ​မြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။

“မိုင်းတချို့ကို သွားရောက်ရှင်းလင်းနိုင်ခဲ့သော်လည်းများစွာ ကျန်ရှိနေနိုင်သဖြင့်မိဘပြည်သူများအသွားအလာကရုစိုက်ကြပါရန်သတိပေးအပ်ပါတယ်”ဟုဖယ်ခုံPDFကပြောသည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)

ဇွန် ၁၃ရက်ကစ၍စစ်ကောင်စီတပ်ကခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ကြောင့်နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွား​နေသည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်းများကိုဖယ်ခုံPDF ကရှင်းလင်းခဲ့သည်။ ဓါတ်ပုံ-ဖယ်ခုံPDF)

စစ်ရှောင်ပြည်သူများ၏နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့ ပူးပေါင်း၍ ယူဆောင် နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။