Connect with us

Hi, what are you looking for?

သတင်း

အနောက်ရိုးမတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲပြင်းထန်

မကွေတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသော ဧရာဝတီတိုင်းမှ မြို့နယ်အချို့တွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရေး တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာနေသည်။

People's Spring
People's Spring

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နှင့် ထိစပ်နေသော အနောက်ရိုးမတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ယာဥ် မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။

ကြံခင်းမြို့နယ်၊ စပါးအိုးကျေးရွာ၏ အနောက်ဘက်ရှိ ရိုးမထဲတွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက်အစောပိုင်းကစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဟု ဆိုသည်။

” ကျွန်တော်တို့ ဒီနေ့ခင်းအထိ ကြားရသလောက် စစ်တပ်က ကား မိုင်းဆွဲခံရလို့ သေတာတွေရှိတယ်။ PDF တွေဘက်က အထိအခိုက်မကြားဘူး။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုးမဧရာဝတီ PDF တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၂ဦးသေဆုံးကြောင်း Ayeyarwaddy Revolution Force က သတင်းထုတ်ပြန်ထားသည်။ ရိုးမဧရာဝတီ PDF တပ်ဖွဲ့၏ စခန်းကို စစ်ကောင်စီအင်အား ၆၀ခန့်က လာရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းဟု ဆိုသည်။ လက်နက်အင်အားမမျှ၍ စခန်းအား စွန့်ခွာခဲ့ရသည်ဟုလည်း Ayeyarwaddy Revolution Force က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“မိမိတို့ဘက်မှ ရဲဘော်အားလုံးထိခိုက်မှုမရှိ အောင်မြင်စွာ စခန်းကိုစွန့်ခွာနိုင်ခဲ့ပါကြောင်း ကနဦးသတင်းထုတ်ပြန်အပ်ပါသည်” ဟု ယနေ့ ညနေ ၃နာရီခန့်တွင် ထုတ်ပြန်ထားသည်။

မကွေတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသော ဧရာဝတီတိုင်းမှ မြို့နယ်အချို့တွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရေး တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာနေသည်။

ဇွန်လ ၂၉ရက်ကလည်း ဧရာဝတီတိုင်း ကနောင်မြို့တွင် စစ်ကောင်စီနောက်လိုက် ရဲတပ်ဖွဲ့ဝင်များကို Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က တိုက်ခိုက်ခဲ့သည်။ ဇွန်လလယ်ခန့်ကလည်း ငပုတောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့် ရိုးမဧရာဝတီ PDF တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။