Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာမှထွက်လာသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တန့်ဆည်နယ်
တန့်ဆည်နယ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်အခြေစိုက် Guerrilla Warfare – K.P.K က ယနေ့(ဇူလိုင် ၂) ထုတ်ပြန်သည်။

ယမန်နေ့ ည ၉နာရီအချိန်တွင် အင်္ကုက္ကားမှ ဒေါင့်ကြီးရွာဘက်သို့ထွက်လာသော စစ်ကောင်စီတပ်များကို Guerrilla Warfare – K.P.K ၊TSR ၊PRLF ၊ Taze Tiger ၊ တန့်ဆည်မီးငှက်၊ ရွှေဘိုခရိုင်တပ်ရင်း (၁၀) ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ ပလဖ နှင့် ပကဖ အဖွဲ့များမှ ကျွန်းတောအရောက်တွင် မိုင်ဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်လည်း တန့်ဆည်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ​၎င်းတို့တပ်များတိုက်ခိုက်ခံရပြီး နာရီပိုင်းခန့်အကြာတွင် မြို့ပေါ်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့သည်။

အင်္ကုက္ကားရွာမှထွက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့သည့် ဒေါင့်ကြီးအိုင်ရွာဘက်ရှိ ကျွန်းတောမှာ တန့်ဆည်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။