သတင်း NUGအစိုးရက ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ရန်အသင့်ရှိနေဟု ရေစကြို PDFပြော စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း အရာတော်မြို့နယ် ငွေတွင်းရွာရှိ အကြမ်းဖက်စစ်အုပ်စုအား အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု တိုက်ခိုက် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားငါးဦးသေဟု PDF ထုတ်ပြန် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ဖယ်ခုံမြို့တွင် ယနေ့နံနက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေ ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း နှင့်လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ချောင်းဦးမြို့နယ်တွင် စစ်အုပ်စုအား ၁၀ရက်အတွင်း လေးကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဟု PDFထုတ်ပြန် ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက် PDFများအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်(ပကဖ) ထုတ်ပြန် ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ပြော တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက် ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း စစ်ကောင်စီမီးရှို့သွားသောနေအိမ်များကိုPDFများရှင်းလင်းပေးစဥ်တွေ့သောလက်ဝတ်ရတနာများကိုပိုင်ရှင်ထံပြန်ပေး ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း တန့်ဆည်နယ် အင်္ကုက္ကားရွာမှထွက်လာသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 2, 2022