Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့မှ ​ရွေး​​ကောက်ပွဲရှုံးကြံ့ခိုင်ရေးအမတ်နေအိမ်ကို PDF က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)
(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)

ရမည်းသင်းမြို့မှ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ၏ ၂၀၂၀ ​ရွေး​ကောက်ပွဲရှုံး အမတ်​လောင်း ဦ​​ကျော်မြင့်၏နေအိမ်ကို ယ​နေ့ည​နေတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမည်းသင်း PDF (Y-PDF) ကထုတ်ပြန်သည်။

ယနေ့ည ၆ နာရီ ၅၀ ခန့်က ရမည်းသင်းမြို့အုန်းပင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးအမတ်​လောင်း ဦးကျော်မြင့်၏နေအိမ်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

“အိမ်ရှေ့အဝင်ပေါက် တံခါးမကြီးရှေ့ကို ကျတာ။ ထိခိုက်ပျက်စီးမှုကတော့ စုံစမ်းနေဆဲပါဗျ။ ထိတာက​​တော့ထိတယ် အနည်းအများပဲဗျ “ဟု Y-PDFမှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်၏ထောက်တိုင်တစ်ခုဖြစ်သောပြည်ခိုင်ဖြိုးပါတီကိုဦးဆောင်ပြီး စစ်ကောင်စီတပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ကြိုဆိုထောက်ခံပွဲကို ရမည်းသင်းမြို့၌ ဇွန် ၄ ရက်က ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“မြို့ထဲမှာ တပ်ထောက်ခံပွဲကိုဦးစီးလုပ်ကိုင်ပြီး ပြည်သူတွေကို စကစ မှိုင်းဆွဲအောင် လှုံ့ဆော်နေလို့ပါ”ဟုအထက်ပါ​တတော်လှန်ရေးရဲဘော်က ဦး​ကျော်မြင့်အားတိုက်ခိုက်သည့်အ​ကြောင်းရင်းကို ပြောသည်။

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ရမည်းသင်းPDF သည် ဧပြီ ၁၃ ရက်ကလည်းစစ်ကောင်စီအလိုကျ ဟန်ပြသကြ်န်ကိုဦး​ဆောင် လုပ်ကိုင်ခဲ့​သော ထူးပန်းခြံပိုင်၏ ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ကားတစ်စီးကို သတိ့​ပေးသည့်အ​နေဖြင့်ဗုံး​ဖောက်ကွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook