Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရမည်းသင်းမြို့မှ ​ရွေး​​ကောက်ပွဲရှုံးကြံ့ခိုင်ရေးအမတ်နေအိမ်ကို PDF က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)
(ဇွန် ၄ ရက်က ရမည်းသင်းမြို့နယ်တွင် ပြည်ခိုင်ဖြို့နှင့် ဦး​ကျော်မြင့်တို့ဦး​ဆောင်၍ စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံပွဲပြုလုပ်​နေမှု။ ။ဓါတ်ပုံ-CJ)

ရမည်းသင်းမြို့မှ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ၏ ၂၀၂၀ ​ရွေး​ကောက်ပွဲရှုံး အမတ်​လောင်း ဦ​​ကျော်မြင့်၏နေအိမ်ကို ယ​နေ့ည​နေတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမည်းသင်း PDF (Y-PDF) ကထုတ်ပြန်သည်။

ယနေ့ည ၆ နာရီ ၅၀ ခန့်က ရမည်းသင်းမြို့အုန်းပင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးအမတ်​လောင်း ဦးကျော်မြင့်၏နေအိမ်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

“အိမ်ရှေ့အဝင်ပေါက် တံခါးမကြီးရှေ့ကို ကျတာ။ ထိခိုက်ပျက်စီးမှုကတော့ စုံစမ်းနေဆဲပါဗျ။ ထိတာက​​တော့ထိတယ် အနည်းအများပဲဗျ “ဟု Y-PDFမှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်၏ထောက်တိုင်တစ်ခုဖြစ်သောပြည်ခိုင်ဖြိုးပါတီကိုဦးဆောင်ပြီး စစ်ကောင်စီတပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ကြိုဆိုထောက်ခံပွဲကို ရမည်းသင်းမြို့၌ ဇွန် ၄ ရက်က ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“မြို့ထဲမှာ တပ်ထောက်ခံပွဲကိုဦးစီးလုပ်ကိုင်ပြီး ပြည်သူတွေကို စကစ မှိုင်းဆွဲအောင် လှုံ့ဆော်နေလို့ပါ”ဟုအထက်ပါ​တတော်လှန်ရေးရဲဘော်က ဦး​ကျော်မြင့်အားတိုက်ခိုက်သည့်အ​ကြောင်းရင်းကို ပြောသည်။

ရမည်းသင်းPDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို အလျဥ်းသင့်လျှင်သင့်သလိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်နှင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ရမည်းသင်းPDF သည် ဧပြီ ၁၃ ရက်ကလည်းစစ်ကောင်စီအလိုကျ ဟန်ပြသကြ်န်ကိုဦး​ဆောင် လုပ်ကိုင်ခဲ့​သော ထူးပန်းခြံပိုင်၏ ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ကားတစ်စီးကို သတိ့​ပေးသည့်အ​နေဖြင့်ဗုံး​ဖောက်ကွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။