Connect with us

Hi, what are you looking for?

သတင်း

မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် စစ်​ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် အကြမ်းဖက်စစ်​ကောင်စီတ​ပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ၂ရက်) နံနက် ၁၁နာရီခန့်က ဘန့်ဘွေးပျူစောထီးရွာမှ အကြမ်းဖက်စစ်​ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများသည် ကွေ့ချောင်းရွာ၊ မြေဖွေးတောင်အနီးရှိ အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် ထိုအိမ်များရှိ ပစ္စည်းများအား ထွေလာဂျီတစ်စင်းနှင့် သယ်ဆောင်သွားခဲ့ပြီး တန်ဖိုးကျပ်သိန်း၄၅၀ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အကြောင်းမဲ့လာရှို့သွားတာ။ လူတွေကတော့ အကုန်ရှောင်နိုင်လိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီတပ်သည် အဆိုပါအိမ်များဖျက်ဆီးပြီးအပြန် မွန်းတည့်၁၂နာရီဝန်းကျင်က ငါးမိုင်ဂိတ်အနီးအရောက်တွင် ချိုမိုင်မိုင်တပ်ပေါင်းစုနှင့် Yinmarbin Local PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိနိုင်ကြောင်း ချိုမိုင်မိုင်သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ – CJ)

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook