သတင်း မူဆယ်မြို့နယ်ရှိ ရှေးဟောင်းမြို့ရိုးဖြိုဖျက်မှုအပေါ် SSPP၏ ကန့်ကွက်ချက် မဟာမိတ်အချင်းချင်း ပြန်ညှိနှိုင်းကျော်လွှားရမည်ဟု TNLA တုံ့ပြန် SSPPကြေညာချက်ပါ အကြောင်းအရာများ၊ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး နှစ်ဖက် အကြားတွေ့ဆုံပြီးမှ လုပ်ဆောင်ရမည့် ညှိနှိုင်းကျော်လွှားရမည့်အပိုင်းများဖြစ်သည်ဟု ဖြေကြားသည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း လဲချားတိုက်ပွဲ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများဟု SSPP ထုတ်ပြန် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဩဂုတ် ၆ရက် နံနက်မှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ SSPP ရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရ စာရင်းကို သီးခြားအတည်မပြုနိုင်သေးဟု ဖော်ပြသည်။ LuduNwayOoဩဂုတ် 7, 2023
သတင်း ဌာနချုပ်လုံခြုံရေးအတွက် တပ်စခန်းများ လုံးဝပြန်မဆုတ်ပေးနိုင်ကြောင်း စစ်ကောင်စီထံအကြောင်းပြန်ထားပြီးဖြစ်ဟု SSPP အသိပေး လဲချားမြို့နယ်ရှိ SSPP တပ်စခန်းကို စစ်ကောင်စီက ယခင်နေ့များတွင် လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ယနေ့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် အခြေအနေကို SSPPက သတင်းထုတ်ပြန် ရာ၌အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 6, 2023
သတင်း လဲချားမြို့နယ်ရှိ နေရာသုံးခု၌ SSPPနှင့် စစ်ကောင်စီ ယနေ့နံနက် တိုက်ပွဲဖြစ်နေ စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်ပါကတုံ့ပြန်ရန် အသင့်ဖြစ်ကြောင်း၊ တပ်စခန်းဖယ်ပေးရန် မဖြစ်နိုင်ကြောင်း နယ်မြေခံSSPP တပ်မှူးက ဇွန်လကတည်းက အသိပေးပြောကြားခဲ့သည်။ LuduNwayOoဩဂုတ် 6, 2023
သတင်း စစ်ကောင်စီအင်အားဖြည့်ပြီး လက်နက်ကြီးတပ်ဆင်နေ၍ စစ်ရေးဖြင့် ပြန်တုံ့ပြန်ရန်ပြင်ဆင်ထားကြောင်း SSPPအသိပေး စစ်ကောင်စီတပ်က ယခုဇွန်လ ဒုတိယ အပတ်တွင် လဲချားမြို့နယ်ရှိ SSPP တပ်စခန်း နေရာ ၁၀နေရာကို ဖယ်ရှားခိုင်းခဲ့သည်။သို့ရာတွင် SSPPဘက်က ဖယ်ပေးရန်မရှိဟု ယခုကဲ့သို့ သတင်းထုတ်ပြန် အသိပေးထားခဲ့ဖူးသည်။ LuduNwayOoဇွန် 16, 2023
သတင်း လဲချားရှိ SSPP တပ်နေရာ ၁၀ခု ဆုတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုလာ၍ စစ်ရေးတင်းမာနေ စစ်ကောင်စီဘက်ကတပ်ဆုတ်ခိုင်းသည့်လဲချားမြို့၏ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေးအတွက် အဓိကကျသည့် နေရာ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်အဓိကကျသည့်နေရာများဖြစ်သည်ဟုသိရသည်။ LuduNwayOoဇွန် 13, 2023
သတင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကမူ လားရှိုးရှိ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA၊ MNDAA၊ AA) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက်(၅) မန်အိုင် (၅၀၇)တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 5, 2023
သတင်း ရခိုင်ဒေသမုန်တိုင်းဘေးအတွက် မိုင်းလား၊ ရှမ်း SSPPနှင့် မွန် NMSPတို့က AAထံ အလှူငွေများပေးအပ် မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။ LuduNwayOoမေ 28, 2023
သတင်း ဟိုပုန်းတွင် SSPPက မီးမြှိုက်နှိပ်စက်ခဲ့သည့် ရွာလူကြီးအား ပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ တောင်းဆို မေလ ၉ရက် ဖြစ်ခဲ့သည့် အဆိုပါ မီးမြှိုက်နှိပ်စက်ခဲ့သည့် ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေးခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနှင့် စစ်ဥပဒေ ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု SSPP ဘက်က အသိပေးထားသည်ဟုဆိုသည်။ LuduNwayOoမေ 19, 2023
သတင်း ကွန်ဟိန်းမြို့နယ်၌ ရှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ် ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။ LuduNwayOoမတ် 3, 2023