Connect with us

Hi, what are you looking for?

သတင်း

လဲချားရှိ SSPP တပ်နေရာ ၁၀ခု ဆုတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုလာ၍ စစ်ရေးတင်းမာနေ

စစ်ကောင်စီဘက်ကတပ်ဆုတ်ခိုင်းသည့်လဲချားမြို့၏ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေးအတွက် အဓိကကျသည့် နေရာ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်အဓိကကျသည့်နေရာများဖြစ်သည်ဟုသိရသည်။

(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)
(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)

“သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်” -SSPP အရာရှိ

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲခြားမြို့နယ်ရှိရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်ကယခုလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့လာသည်ဟု SSPP/SSA က ထုတ်ပြန်သည်။

လဲချားမြို့နယ် အတွင်း လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟုဆိုသည်။

ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနှင့် ချီ ဖြည့်ထားကြောင်း ဖော်ပြထားသည်။

“ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကိုလာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဟုလဲချားဒေသရှိ SSPP/SSA အရာရှိက ပြောကြားကြောင်း SSPP ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတပ်ဆုတ်ခိုင်းသည့်လဲချားမြို့၏ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေးအတွက် အဓိကကျသည့် နေရာ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်အဓိကကျသည့်နေရာများဖြစ်သည်ဟုသိရသည်။

SSPP/SSA စစ်ကြောင်းများ ရောက်ရှိနေသည့်ရှမ်းတောင်ဘက်၌ SSPP/SSA ဌာနချုပ်ရှိရာ လမ်းကြောင်းကို စစ်ကောင်စီက အလွယ်တကူ အင်အားဖြည့်တင်းနိုင်သော ပင်မလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းပိုင်းသည်လည်း SSPP/SSA ဌာနချုပ်၏ လုံခြုံရေးအတွက် အဓိက ထိန်းချုပ်ရမည့် နေရာများဖြစ်သည်ဟု ဖော်ပြသည်။

၂၀၁၅ နှစ်ကုန်ပိုင်းတုန်းကလည်း မိုင်းရှူး ၊ မိုင်းနောင်မြို့နယ်ထဲရှိ SSPP/SSA တပ်စခန်းများကို ကားလမ်းမြောက်ဘက်ထိ တပ်ဆုတ်ပေးရန် စစ်ကောင်စီမှ သတိပေးတောင်းဆိုခဲ့ရာ SSPP/SSA က တပ်မဆုတ်ပေးနိုင်သောကြောင့် စစ်ကောင်စီက အင်အား ၅၀၀၀ ကျော်ဖြင့် SSPP/SSA တပ်ရှိရာ မိုင်းရှူးမြို့နယ် တာဆမ်ပူး၊ ဟိုက်ပါ၊ ဝမ်လွေ၊ မိုင်းအတ်၊ ဝမ်ဆော့ ကနေ မိုင်းနောင်မြို့နယ် မြို့ဟောင်းအထိ ၃ လနီးပါးလောက် စစ်မျက်နှာ ဖွင့် တိုက်ခိုက်ခဲ့ဖူးကြောင်း SSPP က ထုတ်ပြန်သည်။

၂၀၁၅ တိုက်ပွဲ၌ စစ်ကောင်စီက တောင်ကြီး -လဲချား – မိုင်းနောင်ဘက်မှ လမ်းကြောင်းတစ်ကြောင်း၊ နမ့်စန် – ခိုလမ် ဘက်ကတစ်ကြောင်း နှင့် ကာလိ – ကွန်ဟိန်းဘက်မှ ခိုလမ်ဘက်သို့ လမ်းကြောင်းတစ်ကြောင်းဖြင့် SSPP/SSA ဌာနချုပ်၏ လုံခြုံရေးတပ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ယခု တွင်လည်း SSPP/SSA ၏ဌာနချုပ်ကို ခြိမ်းခြောက်နိုင်သည့် စစ်ကောင်စီ၏ ပင်မစစ်အင်အားဖြည့် လမ်းကြောင်း ၃ ကြောင်းကို SSPP/SSA က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း အသိပေးသည်။

SSPPသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ အနည်းငယ်သာဖြစ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်များအားသွားရောက်တွေ့ဆုံဆွေးနွေးနေသည့် တပ်ဖွဲ့ဖြစ်သည်။ ယခင်ကလည်း ယခုကဲ့သို့ စစ်ကောင်စီက တပ်စခန်းများ ဖယ်ရှားခိုင်းခြင်း၊ စစ်ရေးတင်းမာခြင်း၊ SSPP ဌာနချုပ်နယ်မြေသို့ တိုက်လေယာဉ်ပျံသန်းခြင်းများ ပြုလုပ်ခဲ့၍ စစ်ရေးတင်းမာနေကြောင်း SSPPက အသိပေးသည်။ ထိုသို့ စစ်ရေးတင်းမာမှုများ ဖြစ်ခဲ့ပြီး မကြာမီကာလအတွင်း SSPP နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။