Connect with us

Hi, what are you looking for?

သတင်း

လဲချားတိုက်ပွဲ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများဟု SSPP ထုတ်ပြန်

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဩဂုတ် ၆ရက် နံနက်မှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ SSPP ရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရ စာရင်းကို သီးခြားအတည်မပြုနိုင်သေးဟု ဖော်ပြသည်။

(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - SSPP)
(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - SSPP)

▪︎စစ်ကောင်စီတပ် ၁၀ဦးသေ၊ နှစ်ဦး အရှင်မိ၊ ကားတစ်စီးသိမ်းဆည်းနိုင်ခဲ့ဟု ဖော်ပြ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဩဂုတ် ၆ရက် နံနက်မှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ SSPP ရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရ စာရင်းကို သီးခြားအတည်မပြုနိုင်သေးဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး စစ်သုံးယာဉ် တစ်စီးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - SSPP)
(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – SSPP)

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပင်လုံ – လဲချား – မိုင်းနောင် နှင့် လဲချားမြိုနယ်ရှိ နမ့်တိန်းတံတားအဝင် နေရာများ၌ သွားလာခွင့်ပိတ်ပင်ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် လဲချားမြိုနယ် ဟိုင်းဆိုင်အုပ်စု တိုက်ပွဲနှင့်နီးသည့် နောင်ကျန်ကျေးရွာ၊ နမ့်ပေါက်ကျေးရွာ၊ နမ့်လုတ် ရွာများမှ ဒေသခံရွာသူရွာသားများ ဟိုင်းဆိုင်ကျေးရွာ ဘက်သို ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး မတ်လန်းကျေးရွာဒေသခံများ လဲချားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း အသိပေးသည်။

ဒေသတွင်း၌ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်နိုင်သည်ဟု SSPPက ထုတ်ပြန်သည်။

အဆိုပါဒေသရှိ SSPP တပ်စခန်း နေရာ ၁၀ခုကို စစ်ကောင်စီက ဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း SSPP ဘက်က လက်မခံသည့်အပေါ် စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက ယမန်နေ့တွင် လူထုနွေဦးသို့ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook