Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ဒေသမုန်တိုင်းဘေးအတွက် မိုင်းလား၊ ရှမ်း SSPPနှင့် မွန် NMSPတို့က AAထံ အလှူငွေများပေးအပ်

မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။

(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)
(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)

မုန်တိုင်းဘေးကြုံနေရသည့် ရခိုင်ပြည်သူများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံ အလှူငွေများပေးအပ်ခဲ့သည်။

ထိုသို့ အလှူငွေပေးအပ်ရာ၌ မိုင်းလားတပ်ဖွဲ့က ကျပ်သိန်း ၂,၀၀၀၊ SSPPက ကျပ်သိန်း ၁,၀၀၀ နှင့် NMSP က ကျပ်သိန်း ၅၀၀ တို့ဖြစ်ပြီး AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ယခင်ကလည်း ရခိုင်ဒေသမုန်တိုင်းဘေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း၁,၀၀၀၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကျပ်သိန်း ၃,၀၀၀၊ ကိုးကန့်တပ်ဖွဲ့(MNDAA)က ကျပ်သိန်း ၁,၀၀၀၊ တအာင်းတပ်(TNLA)က ကျပ်သိန်း ၅၀၀ စသည်ဖြင့် AA တပ်ဖွဲ့ထံ အလှူငွေများ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

AA အနေဖြင့်လည်း မုန်တိုင်းဘေးပြန်လည်ထူထောင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး AA စစ်ဒေသမှူး၊ နိုင်ငံရေးမှူးများအပြင် ပြည်တွင်း ပြည်ပ ရခိုင်ပြည်သူများ ပါဝင်သည်။ ထို့ပြင်မြို့နယ်များ၌ လူငယ်အစုအဖွဲ့များ စုဖွဲ့ပြီး မုန်တိုင်းဘေး ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီကြရန် AAက တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook