Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ဒေသမုန်တိုင်းဘေးအတွက် မိုင်းလား၊ ရှမ်း SSPPနှင့် မွန် NMSPတို့က AAထံ အလှူငွေများပေးအပ်

မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။

(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)
(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)

မုန်တိုင်းဘေးကြုံနေရသည့် ရခိုင်ပြည်သူများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံ အလှူငွေများပေးအပ်ခဲ့သည်။

ထိုသို့ အလှူငွေပေးအပ်ရာ၌ မိုင်းလားတပ်ဖွဲ့က ကျပ်သိန်း ၂,၀၀၀၊ SSPPက ကျပ်သိန်း ၁,၀၀၀ နှင့် NMSP က ကျပ်သိန်း ၅၀၀ တို့ဖြစ်ပြီး AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ယခင်ကလည်း ရခိုင်ဒေသမုန်တိုင်းဘေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း၁,၀၀၀၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကျပ်သိန်း ၃,၀၀၀၊ ကိုးကန့်တပ်ဖွဲ့(MNDAA)က ကျပ်သိန်း ၁,၀၀၀၊ တအာင်းတပ်(TNLA)က ကျပ်သိန်း ၅၀၀ စသည်ဖြင့် AA တပ်ဖွဲ့ထံ အလှူငွေများ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

AA အနေဖြင့်လည်း မုန်တိုင်းဘေးပြန်လည်ထူထောင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး AA စစ်ဒေသမှူး၊ နိုင်ငံရေးမှူးများအပြင် ပြည်တွင်း ပြည်ပ ရခိုင်ပြည်သူများ ပါဝင်သည်။ ထို့ပြင်မြို့နယ်များ၌ လူငယ်အစုအဖွဲ့များ စုဖွဲ့ပြီး မုန်တိုင်းဘေး ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီကြရန် AAက တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။