Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့နယ်ရှိ ရှေးဟောင်းမြို့ရိုးဖြိုဖျက်မှုအပေါ် SSPP၏ ကန့်ကွက်ချက် မဟာမိတ်အချင်းချင်း ပြန်ညှိနှိုင်းကျော်လွှားရမည်ဟု TNLA တုံ့ပြန်

SSPPကြေညာချက်ပါ အကြောင်းအရာများ၊ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး နှစ်ဖက် အကြားတွေ့ဆုံပြီးမှ လုပ်ဆောင်ရမည့် ညှိနှိုင်းကျော်လွှားရမည့်အပိုင်းများဖြစ်သည်ဟု ဖြေကြားသည်။

(စယ်လန့်ရှိ ရှေးဟောင်းမြို့ရိုးကို တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့ဝင်များက ဖြိုဖျက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SSPP Info)
(စယ်လန့်ရှိ ရှေးဟောင်းမြို့ရိုးကို တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့ဝင်များက ဖြိုဖျက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SSPP Info)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရှိ ရှေးဟောင်းမြို့ရိုးကို တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့မှုနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ဩဂုတ် ၇ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရှိ ရှမ်းဧကရာဇ်မင်းကြီး စပ်ဆေခန်ဖ လက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက မြေထိုးစက်ဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်ဟု SSPP ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုသားချင်း စုစည်းညီညွတ်ရေး အရေးတကြီး လုပ်ဆောင်ရန် အင်မတန်လိုအပ်နေသည့်အချိန်တွင် အချင်းချင်း သွေးကွဲစေမှုမျိုး မလိုလားအပ်သည့် အပြုအမူများ မလုပ်မိစေရန် အထူးသတိထားရမည်ဟု SSPPက ထုတ်ပြန်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ဖျက်လို၊ဖျက်ဆီး သဘောဆောင်သည့် လုပ်ဆောင်ချက်သည် လက်ခံနိုင်စရာမရှိသည့် ကျူးလွန်မှုဖြစ်၍ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ဖြစ်စေ စာပေယဉ်ကျေးမှုနှင့် ထုံးတမ်းသမိုင်း စဉ်လာများ သက်ဝင်ယုံကြည်မှုများကို မထေမဲ့ပြင် မျက်ကွယ်ပြုသည့် လုပ်ဆောင်ချက်ဖြစ်၍လည်းကောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု စံတန်ဖိုးရအ သော်လည်းကောင်း လူမျိုးချင်း ယုံကြည် တန်ဖိုးထားလေးစားမှု အရသော်လည်းကောင်းလက်ခံနိုင်မည် မဟုတ်ကြောင်း SSPPက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လုပ်ဆောင်ချက်များအပေါ် ရဟန်းရှင်လူ ပြည်သူများ ကျေနပ်ကျေအေးမှု ရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိသော ပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ရှင်းလင်းပေးရန် လေးနက်တည်ကြည်စွာ တောင်းဆိုကြောင်း ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ဒီဟာကတော့ အသေးစိတ်တော့ မသိရသေးဘူး။ ဒီဟာက ကျနော်တို့ မဟာမိတ် အချင်းချင်းလည်းဖြစ်တယ်။ ညှိနှိုင်းကျော်လွှားရမယ့် ပြဿနာတစ်ခုတော့ ဖြစ်တယ်”ဟု ပြောသည်။

SSPPကြေညာချက်ပါ အကြောင်းအရာများ၊ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး နှစ်ဖက် အကြားတွေ့ဆုံပြီးမှ လုပ်ဆောင်ရမည့် ညှိနှိုင်းကျော်လွှားရမည့်အပိုင်းများဖြစ်သည်ဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။