Connect with us

Hi, what are you looking for?

သတင်း

SSPPက ကျားဖြန့်ဂိုဏ်းစီးနင်းပြီး တရုတ်နိုင်ငံသား ၈၈ဦးကို ဖမ်းဆီးပြန်ပို့ပေး

နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့နယ်၌ အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား ၈၈ဦးအား တရုတ်အစိုးရထံ လွှဲအပ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က သတင်းထုတ်ပြန်သည်။

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ – SSPP)

နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းမိသူများအနက် တရုတ်နိုင်ငံသား ၈၈ဦးကို နိုဝင်ဘာ ၂၃ ရက်ပင် တရုတ်အစိုးရထံ လွဲအပ်ပေးလိုက်ကြောင်း ဖော်ပြသည်။

ကျန်ရှိနေသေးသည့် မြန်မာ ၂၈ဦးကို အမူ့စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ – SSPP)

တရုတ်-မြန်မာနယ်စပ်ဒေသ အခြေပြုပြီး ပေါ်ပေါ်တင်တင်လုပ်ဆောင်လျက်ရှိသည့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများကိုနှိမ်နင်းရန် တရုတ်အစိုးရက စစ်ဆင်ရေးအသွင် ဆောင်ရွက်လာရာ စစ်ကောင်စီသာမက နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပါ ၎င်းတို့နယ်မြေရှိ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ တရုတ်အစိုးရထံ လွှဲပြောင်း အပ်နှံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။

သတင်း

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။