Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကမူ လားရှိုးရှိ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA၊ MNDAA၊ AA) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက်(၅) မန်အိုင် (၅၀၇)တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

(ကိုးကန့်တပ်ဖွဲ့(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်တပ်ဖွဲ့(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

▪️သုံးရက်ဆက် တပ်စခန်းများထိုးစစ်ဆင်ခံရသည့် ကိုးကန့်တပ်ဖွဲ့က ပြန်လည်တုံ့ပြန်ခြင်းဖြစ်နိုင်ဟုဆို

သက်ဝေ၊တင်မြင့်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ် ယနေ့နံနက်တွင် တိုက်ခိုက်ခံရပြီး ကိုးကန့်တပ်ဖွဲ့(MNDAA)က တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်းစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် ၄နာရီလောက်မှာ လားရှိုးမှာဖြစ်တာ။ ရပ်ကွက်(၅)မှာပေါ့။ ဒီမနက်ကြားသိရသလောက် ဆိုရင် MNDAAနဲ့ ဖြစ်တာများမယ်”ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသ၌ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရှမ်းတပ်(SSPP)တို့ လှုပ်ရှားမှုရှိသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကမူ လားရှိုးရှိ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA၊ MNDAA၊ AA) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက်(၅) မန်အိုင် (၅၀၇)တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ TNLAသတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းရာ TNLA တပ်ပါဝင်မှုမရှိဟု ပြောသည်။

“လားရှိုးတိုက်ပွဲမှာ ကျမတို့ပါဝင်ခြင်းမရှိပါဘူး” ဟု TNLAပြန်ကြားရေးဌာန တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ သတင်းရင်းမြစ်သို့ ဆက်သွယ်မေးမြန်းရာ သတင်းရင်းမြစ်က စုံစမ်းပြီးပြန်လည် ပြောပြပေးမည်ဟု ဆိုသည်။

ရှမ်းမြောက်ရှိ MNDAA တပ်စခန်းများကို စစ်ကောင်စီတပ်က ဇွန်လ ၂ရက်မှစ၍ ထိုးစစ်ဆင်လာ၍ ကိုးကန့်နှင့် မူပန် ဒေသများ၌ တိုက်ပွဲများ သုံးရက်ဆက်ဖြစ်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ သတင်းရင်းမြစ်က ယမန်နေ့တွင် People’s Spring သို့ ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

တင်မြင့်/People’s Spring

လားရှိုးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၀၇)နှင့် အမှတ် (၁၂)နယ်မြေရဲစခန်းကို MNDAA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှ်ိသည်။

ယနေ့ ဇွန်လ ၅ရက် နံနက် ၄နာရီခန့်က လားရှိုးမြို့နယ်၊ အထက်မန်အိုင်တောင်ကုန်းရှိ ခမရ (၅၀၇)တပ်နှင့် အမှတ် (၁၂)နယ်မြေရဲစခန်းကို MNDAA တပ်ဖွဲ့ဝက်များက တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအလွန်ပြင်းထန်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“တိုက်ပွဲက မနက် ၄နာရီကနေ စတာ။တော်တော် ပြင်းထန်တယ်။ တ်ိုက်ခိုက်ကြတာမှာ MNDAA ကတော့ သေချာပေါက်ပါတယ်” ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဖက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အထက်မန်အိုင်ရွာဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။

” ရှော့တိုက်ဒုန်းနဲ့ ပစ်သွားတဲ့နေရာကို ကျွန်တော် သွားကြည့်တယ်။ သေနတ်ကျည်ခွံတွေ အများကြီး‌တွေ့တယ်။ စစ်တပ်ဘက်ကတော့ ဘာတွေ အထိအခိုက်ရှိလဲ မသိရ‌ဘူး”ဟု ၎င်းကပြောသည်။

လားရှိုးမြို့အပြင် သိန္တီမြို့တွင်လည်း ယမန်နေ့ (ဇွန် ၄ရက်) ညက တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီနှင့်ငြိမ်းချမ်းရေးဆွေး‌နွေးရန် တရုတ်အစိုးရ၏ဖိအားကြောင့် ကျင်းပခဲ့သည့် မိုင်းလားဆွေးနွေးပွဲ ပျက်ပြီးနောက် စစ်ကောင်စီတပ်သည် ရှမ်းမြောက်ဒေသတွင် အင်အားတိုးချဲ့နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။ MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့၏ မိုင်းလားဆွေးနွေးပွဲသည် ဇွန်လ ၁ မှ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ဇွန် ၂ ရက်တွင် ဆွေးနွေးပွဲပျက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရှမ်းမြောက်ဒေသ၌ အင်အားတိုးချဲ့လာရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

ဇွန်လ ၁ရက်တွင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ကောင်စီက ဇွန်လ ၂ရက်တွင် MDNAA တပ်စခန်းရှိရာ နေရာသုံးခုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး MNDAA ရဲဘော်အချို့ကျဆုံးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုကို နယ်မြေရှင်းလင်းရေး မလုပ်ရသေး၍ မသိရသေးဟု ကိုးကန့်တပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။