Connect with us

Hi, what are you looking for?

All posts tagged "The Call – ခေါ်သံ"

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။ အိမ်ကိုသာ မီးရှို့လို့ရမယ်။ကျမတို့...

ကဗျာ

ဂနိုက် ကျန်ရစ်ခဲ့ပြီ သူ့မိသားစုလေး သူ့အိမ်အိုလေး ထားသွားခဲ့ပြီ သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော ချန်ထားခဲ့ပြီ သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို နောက်ဆုံး အလေးပြုချိန် စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့ နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့ “နေမြဲ” လက်တွေရုတ်ကနဲ သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ သူ့သမီးငယ်လေးက မျက်ရည်မကျပဲ ရှိုက်ကြီးတငင်နဲ့ “ဖေဖေ့ကို...

ကဗျာ

ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။ မြေနီလမ်းအတိုင်း ထမ်း ထမ်းယူလာတယ်...

Short Story

ညိမ်းအေး သိပ်ကို ခမ်းနားလွန်းတဲ့ ရေစက် သိပ်ကို ခါးသီးလွန်းတဲ့ ရေစက် အစားထိုးစရာမရှိ ကျိုးပဲ့ကြေမွ ပျက်စီးသွားတဲ့ ဘဝတွေ ဟိုး လမ်းကွေ့ထောင့်ချိုး သေးသေးလေးထဲကနေ မထင်မှတ်ဘဲ ရုတ်တရက် ဘွားခနဲပေါ်လာ။ နာကျင်လွန်းပေမယ့် တပ်တပ်မက်မက် တကူးတက ဖန်တီးယူရတဲ့ ချိုမြိန်ခါးသက် အကျည်းတန် လှပလွန်းတဲ့...

ကဗျာ

ဆူးနတ်သန် အခန်းလည်း ပိတ်သွားပြီ မီးလည်း မှိတ်သွားပြီ အမှောင် သိပ်သည်းမှုထဲ မြို့ကလေးဟာ မငိုအားခဲ့။ ခြေထောက်ပြတ်ခဲ့ ပြီးပြီ သည်းအူပြတ်ခဲ့ ပြီးပြီ မီးသင့်ခဲ့ ပြီးပြီ မြို့ကလေးဟာ မနာကျင်အားခဲ့။ အနာကို အနာနဲ့ ပတ်ကြမ်းတိုက် ငလျင်ဒဏ်ကျမှ လူးလွင့် ထလာတယ် ခြင်္သေ့နှစ်ကောင်နဲ့...

Short Story

ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အဝေးတနေရာကနေ ငိုသံ ရှိုက်သံ ခပ်သဲ့သဲ့ ကြားနေရသည်။ အသံတွေ ကြားနေပေမယ့် သူမ ခေါင်းထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူမ မျက်နာကျက်ကို မော့ကြည့်လိုက်သည်။ ဒီညမှ ကောင်းကင်မှာ ကြယ်တွေ စုံလင်နေသည်။ ကြယ်တွေ စုံလင်နေတာကို သူမ အခုမှ...

Short Story

ဒီပန်းချီပြခန်းကို ခေတ်ကောင်းချိန်က ခဏခဏရောက်ဖြစ်တယ်။ ဒီပြခန်းမှာက ပန်းချီပြပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ အများဆုံး ပြသလေ့ရှိတာက ပန်းချီပါ။ အခုလို ပြပွဲတွေ မကြာမကြာလုပ်တာဖြစ်လို့ မကြာခဏ ခြေဦးလှည့်ဖြစ်တဲ့ နေရာတခုလို့တောင် ပြောလို့ရပါတယ်။

ကဗျာ

မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက် ခုနှစ်ယောက် ဆက်မရေတွက်တော့ဘူး တွဲလဲတွေရော့...

Short Story

တာပလု “အိမ်မရှိ ခွေးမွေး”တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။ ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ...

Facebook