သတင်း ကန့်ဘလူနယ်ရှိ ချောင်းကြားရွာ နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်နှင့် စပါးကျီ မီးလောင်ပြာကျ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းချပေးခဲ့သည့် Yangon Petrolဆီဆိုင်မြေကွက်များကိုစစ်ကောင်စီပြန်သိမ်း Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြုပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း မတ္တရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို မြေပြင်မျက်မြင်ကင်းထောက်များနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အတည်ပြုနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း ငွေတောင်အခြေစိုက် ခမရ(၄၂၇)မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသောယာဉ် မိုင်းထိ၍ ထိခိုက်သေဆုံးမှုများဟုဆို တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်ခဲ့သူ ၃,၃၀၀ ကျော်ရှိပြီး NLDပါတီဝင် ၈၀ကျော်ပါဝင် NLD ၏လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ၂၀၂၃ ဇန်နဝါရီ ၅ရက်အထိ ရရှိထားသည့် မှတ်တမ်းများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း ဆောနယ် မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်၊ ပစ်ခတ်မှုများဖြစ်နေ ဒေသတွင်းကျေးရွာများကို ရှောင်ခိုင်းထား စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်မည်ဟု NLD ကြေညာ တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLD က ဆိုသည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း မုံရွာ – ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက် မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း စစ်ကောင်စီ၏ဗိုလ်ကြီးတစ်ဦးကို PDFများဖမ်းဆီးရှင်းလင်း စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 29, 2023
သတင်း မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။ LuduNwayOoဇန်နဝါရီ 28, 2023