Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူတွင်ယ​နေ့ညတိုက်ပွဲဖြစ်

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

(စစ်​ကောင်စီ​၏ ​မြေစာရင်းရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​၏ ​မြေစာရင်းရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)

▪︎စစ်​ကောင်စီ​မြေစာရင်းရုံးလည်းယ​နေ့နံနက်မီး​လောင်

စစ်ကောင်စီက ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်ထားသည့်ဘုရားသုံးဆူမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီ၏ ​မြေစာရင်းရုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယ​နေ့နံနက်တွင်မီးရှိ့လိုက်သည်။

“သေနတ်သံတွေ ဆူညံနေတာ။ ည၁၀ နာရီလောက်ကစတာ။ ၁၀ နာရီခွဲလောက်မှာရပ်သွားတယ်”ဟု ဘုရားသုံးဆူမှဒေသခံတစ်ဦးကပြောသည်။တိုက်ပွဲအတွင်း ထိခိုက်မှုအ​ခြေအ​နေကိုမူ လတ်တလောမသိရသေးပေ။

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးခရိုင် ၊ဘုရားသုံးဆူမြို့ ရှိ ထွေအုပ်ရုံး၊ လဝကရုံးနှင့် စည်ပင်ရုံးများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဇန်နဝါရီလ ၂၃ရက်ညကမီးရှို့ ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက်စစ်ကောင်စီကယခင်ထုတ်ပြန်ထားဆဲဖြစ်သော ည၆ညနာရီမှ မနက် ၅ညနာရီအတွင်းညမထွက်ရဟူ​သောအမိန့်နှင့် လူငါးဦးထက်ပိုမစုဝေးရဟူသောအမိန့်ကိုဇန်နဝါရီလ (၂၆)ရက်တွင်သက်တမ်းတိုးခဲ့သည်။

ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ဒေသခံများက​ဝေဖန်သည်။

“သူတို့(စစ်ကောင်စီ)တောင်ရုံးထိုင်စရာရုံးမရှိဘဲ ညမထွက်ရအမိန့်လာထုတ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။