Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

▪️ကျေးရွာအများအပြားနှင့် PDFစခန်းငယ်ငါးခု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က ကနီမြို့နယ်ဘက်မှချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာသော စစ်အုပ်စုသည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို ရောက်ရှိခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၂၃ရက် တွင် အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း နှင့် ကျောက်မှော်ကျေးရွာတို့ကို စတင်မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် အင်းဖျားကျေးရွာတွင် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဦးခေါင်းနှင့်လက်ချောင်းများဖြတ်တောက်ကာ သတ်ဖြတ်သွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

နောက်တစ်ရက် ဇန်နဝါရီ၂၅ရက်တွင် ထန်းတောကြီးကျေးရွာရှိ ပြည်သူများ​၏ ပစ္စည်းများအား အဓမ္မသိမ်းခြင်း၊ ကျေးရွာနေ ဒေသခံ သုံးဦးကို ဖမ်းဆီးခြင်း၊ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးခြင်း၊ စည်လှောင်ချောင်းရွာ၊ မြရိပ်ကျေးရွာတို့ရှိ နေအိမ်အချို့အားမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြားနှင့် အိမ်မွေးတိရိစ္ဆာန်များမီးလောင်ဆုံးရှုံးခဲ့ရကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထိုနေ့ညတွင် စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ၂၆ရက် နံနက်၈နာရီခန့်တွင် မြရိပ်ကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်သည် အောင်ချမ်းအေး၊ စည်လှောင်၊ အောင်ချမ်းသာရွာများကို ဝင်ရောက်ပြီးနောက် စည်လှောင်ကျေးရွာမှ ဆိတ်ကျောင်းသည့် မောင်ဇော်ဝင်းထွန်းအား နှိပ်စက်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း အလောင်းတော် ကဿပနယ်မြေသတင်းက ဖော်ပြသည်။

ယနေ့ (ဇန်နဝါရီ ၃၀ ရက်)တွင် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးအုပ်စုနှင့် ပုပ္ပါကျေးရွာကြား ရောက်ရှိနေသည်။

ဆေးဝါးနှင့်ရိက္ခာအကူအညီများ၊မီးလောင်ဆုံးရှုံးသွားသောနေအိမ်ရှိပြည်သူများအတွက် အဝတ်အထည်နှင့်ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိကြောင်း၊ မီးရှို့ဖျက်ဆီးခံရသောအိမ်ထောင်စုများစွာရှိပြီး အိမ်ခြေအရေအတွက်အတိအကျမသိရသေးကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။