Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး​ဒေါက်တာလှမြတ်​သွေးကိုစစ်​ကောင်စီ​ထောင် ၂ နှစ်ချ

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။

(​ရွေး​ကောက်ခံ အရပ်သားအစိုးရ၏ ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး ​ဒေါက်တာလှမြတ်​သွေး။ ဓါတ်ပုံ-Mizzima)
(​ရွေး​ကောက်ခံ အရပ်သားအစိုးရ၏ ဧရာဝတီတိုင်းလူမှု​ရေးဝန်ကြီး ​ဒေါက်တာလှမြတ်​သွေး။ ဓါတ်ပုံ-Mizzima)

ဧရာဝတီတိုင်းအစိုးရအဖွဲ့​ဝန်ကြီးများအနက်ဖမ်းဆီးခံထားရဆဲဖြစ်သောတစ်ဦးတည်းကျန်သည့်လူမှု​ရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ယ​​နေ့ထောင်ဒဏ်(၂)နှစ် ယနေ့ချလိုက်သည်ဟုလွှတ်တော်အမတ်အချို့ကပြောသည်။

” ဒေါက်တာလှမြတ်သွေးကိုCDM လုပ်အောင်လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချမှတ်လိုက်ပါတယ်။စစ်ကောင်စီရဲ့ အဓိပ္ပါယ်မရှိတဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်ပါ” ဟု ဧရာဝတီဒေသကြီးမှ တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးကPeople’s Springသို့ပြောသည်။

Public Service Announcement
Public Service Announcement

ဒေါက်တာလှမြတ်သွေးကို ပုသိမ်ခရိုင်တရားရုံမှယနေ့(ဇန်နဝါရီလ၃၀ရက်)အမိန့်ချ​​​ခြင်းဟုတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာလှမြတ်သွေးတစ်ဦးတည်းကိုဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

“ ဒေါက်တာလှမြတ်သွေးကရဲရင့်တဲ့သတ္တိခဲအမျိုးသမီးနိုင်ငံရေးသမားတစ်ဦးပါ။လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးကြတာ။သူ့အတွက် သမိုင်းကောင်းတစ်ခုဖြစ်မှာပါ။လူထုကလည်းအသိအမှတ်ပြုမှာပါ” ဟုတိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးကပြောသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။