Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာနှင့် မြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာဆယ်ရွာနှင့် မြို့ပေါ်ရပ်ကွက်တစ်ခုအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ကြိမ်စစ်ကြောင်း မီးရှို့ခံရတာ လက်တလောသိရတာ ၁၀ ရွာနဲ့ ဒီပဲယင်းမြို့ပေါ်ရပ်ကွက် တစ်ခုရှိသွားပြီ။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ယက်ကုန်းရွာမှ နေအိမ် ၃၉ လုံး၊အုန်းတပင် မှ ၂၂၀ လုံး၊ ဒိုင်နတ်မှ ၁၂၂လုံး၊ မရကန်မှ ၇၀လုံး၊ သရက်တောမှ ၉၆ လုံး၊ မူးခတွင်းမှ ၆ လုံး၊ ယဉ်ကျေးမှ ၁၃၉ လုံး၊ မစိုးရိမ်မှ ၂လုံး နှင့်မူးရိုးကုန်းရွာမှ နေအိမ် ၁၅လုံးတို့ မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်လှကျေးရွာမှာ မသိရသေးကြောင်း၊ ထို့အပြင် ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ်ရပ်ကွက်မှ နေအိမ် ၂၂ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း မီးရှို့ဖျက်ဆီးမှုအများဆုံး ခံထားရသည်။

အာဏာသိမ်းကာလတလျှောက် နေအိမ်ပေါင်း ၄,၈၁၉ကျော်ခန့်၊ ဘုန်းကြီးကျောင်း ငါးကျောင်း၊ စျေးဆိုင်ခန်း၂၀ကျော်နှင့် ဆန်စက်များ မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။