Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းနှစ်ဝိုင်းကို PDF ဝင်ရောက်စစ်ဆေးသတိပေး

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လိုင်းကြေးပေးပြီးဖွင့်နေသည့် လောင်းကစားဝိုင်းနှစ်ဝိုင်းအား ဝင်ရောက်စစ်ဆေးသတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်တစ်နေရာရှိ လောင်းကစားဝိုင်းတစ်ခုနှင့် လယ်သစ်ရွာက ပျူငပေါက်ကဆိုသူကို လိုင်းကြေးပေးပြီး ဖွင့်နေသည့် ကြက်ဝိုင်းတစ်ဝိုင်းအား သတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လောင်းကစားဝိုင်းတွေကို သွားရောက်ဖမ်းဆီးခဲ့တဲ့ အကြောင်းကတော့ လယ်သစ်ရွာကပျူစောထီးခေါင်းဆောင် ငပေါက်ကို လိုင်းကြေးပေးလုပ်နေလို့ သတိပေး​ခြင်းသက်သက်​​ဖြစ်ပါတယ်။လူတွေကိုလည်း မဖမ်းခဲ့သလို ဘာပစ္စည်းမှမသိမ်းခဲ့ပါဘူး။ သတိပေး​​ခြင်းသက်သက်ပါ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။