Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လုံးခင်းတွင် စစ်ကောင်စီတပ်လက်နက်ကြီးဖြင့်ရမ်းပစ်နေဟု ဒေသခံပြော

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

(ဖားကန့်မြို့နယ် လုံးခင်း ရွာကို ၂၀၁၃ နှစ်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဖားကန့်မြို့နယ် လုံးခင်း ရွာကို ၂၀၁၃ နှစ်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ၌ စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း၌ လက်နက်ကြီးများရမ်းသန်းပစ်ခတ်နေကြောင်းဒေသခံအချို့ကပြောသည်။

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

ဒေသခံတစ်ဦးကမူတိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု သာရှိခဲ့သည်ဟု ပြောသည်။

Public Service Announcement
Public Service Announcement

“ဖားကန့် လုံးခင်းမှာ တပ်စွဲထားတာ ရှိတယ် စစ်ကောင်စီပေါ့နော်။ သူတို့ စစ်တပ်ကုန်းရှိတယ်။ စစ်တပ်ကုန်းပေါ်ကနေ လျှောက်လျှောက် ပစ်နေတာတဲ့။အထိအခိုက်ကတော့ မပြောတက်သေးဘူး။ တောထဲဘက်ကို လှမ်းပစ်နေတယ်တဲ့ ရွာနောက်ကျောဘက်တွေကို။” ဟုအထက်ပါဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

လုံးခင်း၌ နေထိုင်သူအခြား​ဒေသခံတစ်ဦးကလည်း “ လုံးခင်းလယ်ပြင်ဆိုတာရှိတယ်။ဘာမှတော့ မကြားဘူး ။ဒီနဲ့ဆို နီးနီးလေးလယ်ပြင်နဲ့က”ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့် ဆယ်ဇင်းဒေသရှိစစ်ကောင်စီလက်အောက်ခံတပ်များကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကိုသိမ်းပိုက်၍မီးရှို့ခဲ့သည်။ ထို့အပြင် ကားမိုင်းဒေသရှိ စစ်ကောင်စီ တပ်အချို့ကိုလည်း KIAက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။