Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

(မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဉ်)
(မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဉ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ဗိုလ်တိုက်ဂါးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ၂၉ ရက်)နံနက် ၅ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် နဘက်ကျေးရွာသို့သွားပြီး မြောင်မြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်နှင့် စစ်ကြောင်းခြင်းလဲပြီးနောက် ကျောက်ရစ်စခန်းသို့ပြန်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်အား ကင်းရွာနှင့် ကိုးပင်ကျေးရွာကြားတွင် ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေ‌ရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်စစ်ကောင်စီတ​ပ်သားများသအား ကိုးပင်ရွာထိပ်အဝင်တွင် ဒုတိယတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မြောင်မြို့သို့ ပြန်ရန် နဘက်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောင်မြို့နှင့် ကူတို့ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး မြောင်မြို့ပေါ်အရောက်တွင် သုံးဦးထပ်မံသေဆုံးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြောင်မြို့နှင့် နဘက်ရွာကြား လမ်းခုလပ်များတွင် T.G.R ထုပ် G3 စနိုက်ပါဖြင့် နှစ်နေရာ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook