Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာနေရာများကို ပစ်ခတ်တိုက်ခိုက်

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မြင်းမူမြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ယာဉ်တစ်စီး၊ ဓာတ်ပုံ - CJ)
(မြင်းမူမြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ယာဉ်တစ်စီး၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းချရာနေရာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင် စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၉ ရက်) ညနေ ၅နာရီ ၄၁မိနစ်ခန့်က မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထက (၁)အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၆၀) မမဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲများ၏ လိုင်းခန်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသတင်းရရှိသည်ဟု PAFDက ဆိုသည်။

“ဆယ်လုံးကျော်ကျော်လောက်ထုတယ်။ တော် တော်ကို ခက်ရာခဲဆစ်လုပ်ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီက ကျော်ကျသွားရင်စျေးကြီးထဲဗျ။ အသေးစိတ်တွက်ချက်ပြီး ရန်သူ့ပစ်မှတ်ထဲကိုပစ်တာ။ မြို့နယ်ရဲစခန်းရှိတယ်။ထွေအုပ်ရှိတယ်။ အထက၁ ကျောင်းထဲမှာတွေရှိတယ်။ လိုင်းခန်းတွေထဲကျတယ်တဲ့။ နယ်ထိန်းခေါင်းဆောင် အိမ်ကိုကျတယ်လို့သတင်းရတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်၍ “အသေအပျောက်စာရင်းမသိရသေးဘူး။ သူတို့ဘက်ကဖော်တီးနဲ့ ပြန်ပစ်တယ်။ နှစ်ဆင့်ကွဲကျည်တွေနဲ့ပြန်ပစ်တယ်။ မြို့အလယ်ခေါင်လုပ်ရတာဆိုတော့ ပြည်သူတွေလည်းမထိအောင် တော်တော်ကိုခက်ရာခက်ဆစ်လုပ်တယ်။”ဟု ပြောသည်။

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် ချောင်းဦး-မြင်းမူလမ်းတလျှောက် စစ်ကောင်စီတပ်များ အသွားအလာများနေပြီး အင်အားတိုးချထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုကို စုံစမ်း​​ပြီး ထိုစစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense ForceMyinmu (PKDF.MMU)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၂၂ရက်ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသ​ည့် စစ်ကောင်စီတပ်စခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။