သတင်း ရေတာရှည်မြို့အဝင် စစ်ကောင်စီညကင်းကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေဟုဆို ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)သည် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပြီး တောင်ငူခရိုင် PDF နှင့် ပူးတွဲစစ်ဆင်ရေးများ ဆက်နွှဲလျှက်ရှိသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း တောင်သာတွင် PDFများလာရဲရင်လာခဲ့ဟု စိန်ခေါ်သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ ထိုဖြစ်စဥ်ကို Natogyi Regional Defence Force - NRDFနှင့် The Value Of Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပါက သက်ဆိုင်ရာ KNLA တပ်ရင်းတပ်ဖွဲ့များ၊ PDFများက ခုခံရန် ပြင်ဆင်ထားကြောင်းလည်း အသိပေးသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ် ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း စစ်ကောင်စီနှင့်မဖြစ်မနေဆွေးနွေးရမည်ဆိုလျှင် စစ်ကောင်စီလိုက်နာရမည့်ကန့်သတ်ချက် ၅ ခုကိုNUG ပြောကြား စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း KNUတပ်မဟာ(၅)နယ်မြေ၌ နိုဝင်ဘာအတွင်းတိုက်ပွဲ ၁၁၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ၇၀ခန့်သေဟု ထုတ်ပြန် ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေးရွာဆက် မီးရှို့ဖျက်ဆီး နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲလေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား စစ်ကောင်စီ သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း GSC ထုတ်ပြန် ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ထီးချိုင့်နယ်ရှိ ရွာများအား မီးရှို့သည့်စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့ ထပ်မံတိုက်ခိုက် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 2, 2022