Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးဖြင့် တိုက်ခိုက်ဟု PDF ပြော

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ကရင်နီတပ်မတော်KA၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDFနှင့် အခြားတော်လှန် ရေးအင်အားစုများ ပူးပေါင်းကာခုခံတိုက်ပွဲဝင်နေကြောင်း ဖော်ပြ သည်။

စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုပသ်ခတ်နေစဉ်နှင့် ရှေ့တန်းတွင် တွေ့ရသော DMO ရဲဘော်များ၊ ဓာတ်ပုံ - DMO
စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုပသ်ခတ်နေစဉ်နှင့် ရှေ့တန်းတွင် တွေ့ရသော DMO ရဲဘော်များ၊ ဓာတ်ပုံ - DMO

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)က ထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၃ရက်)တွင် ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါးကျေးရွာအပါအဝင် စစ်ကြောင်း သုံးခုဖြင့် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စွဲထားသော သေးဆူလဲစခန်းနှင့် ကုန်းသာကျေးရွာရှိ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က နိုဝင်ဘာ ၂၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စခန်းပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့်စတင်ထိုးစစ်ဆင်လာခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုပသ်ခတ်နေစဉ်နှင့် ရှေ့တန်းတွင် တွေ့ရသော DMO ရဲဘော်များ၊ ဓာတ်ပုံ - DMO
စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုပသ်ခတ်နေစဉ်နှင့် ရှေ့တန်းတွင် တွေ့ရသော DMO ရဲဘော်များ၊ ဓာတ်ပုံ – DMO

ယနေ့ ကြာဖူးဒေါးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ပြီး အသေးစိတ်ကို စိစစ်နေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကြာဖူးဒေါးရွာက နန်းမယ်ခုံ-ဒီးမော့ဆိုကြားမှာရှိတယ်။သေးဆူလဲ နဲ့ဆို နှစ်မိုင်လောက်ပဲကွာမယ်။အခုထိ မြေပြင်မှာ ရင်ဆိုင်နေတုန်းပါပဲ”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ငွေတောင်ခြေစိုက် ခလရ(၁၀၂)တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းမှ လက်နက်ကြီးဖြင့် တစ်နေကုန် ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီဘက်မှ အထိနာမှုများသောကြောင့် တိုက်လေယာဉ်နှစ်စီးဖြင့် ညနေ ၄နာရီဝန်းကျင်တွင် (၈)ကြိမ် ခန့် ၊ညနေ ၅နာရီ အချိန်တွင်(၃)ကြိမ်ခန့် စုစုပေါင်း(၁၁)ကြိမ်ခန့် ဗုံးကြဲပစ်ကူ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ကရင်နီတပ်မတော်KA၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDFနှင့် အခြားတော်လှန် ရေးအင်အားစုများ ပူးပေါင်းကာခုခံတိုက်ပွဲဝင်နေကြောင်း ဖော်ပြ သည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO -Local PDF)တပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။