Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဟာ ​သေဒဏ်ကိုအတိုက်အခံဖြိုခွင်းရေး ကိရိယာ အဖြစ်သုံး​နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဝေဖန်

ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းသား သမဂ္ဂက အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား တက္ကသိုလ်ကျောင်းသား လူငယ် ၇ ဦး သေဒဏ်စီရင်ခံခဲ့ရကြောင်း ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လူငယ်တွေဟာ ဧပြီ ၂၁ ရက်မှာ အဖမ်းဆီး ခံရပြီး အင်းစိန်ထောင်ထဲမှာ နိုဝင်ဘာ ၃၀ ရက်က ကွပ်မျက် ခံခဲ့ရတာလို့ သိရပါတယ်။

(ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာမင်းကြီးဗော်လ်ကာတက်ခ်။ ။ဓါတ်ပုံ- AP)
(ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာမင်းကြီးဗော်လ်ကာတက်ခ်။ ။ဓါတ်ပုံ- AP)

▪︎​သေဒဏ်စီရင်မှုအားလုံးဆိုင်းငံ့ထားဖို့တိုက်တွန်း

အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းတဲ့ ကြားခံ ကိရိယာ အနေနဲ့ သေဒဏ် စီရင်ချမှတ်မှုတွေကို အာဏာသိမ်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာမင်းကြီး ဗော်လ်ကာ တက်ခ်က မြန်မာ စစ်ကောင်စီဟာအတိုက်အခံအကျဉ်းသား ၁၃၀ ကျော်ကို သေဒဏ်တွေ စီရင်ချက်တွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်ကအာဏာသိမ်းမှုအပြီး ဆန့်ကျင်ဖက် အင်အားစုတွေကို ဖြိုခွင်းဖို့အတွက် သေဒဏ် စီရင်မှုကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတယ်ဆိုတာ ခိုင်မာလာစေတယ်လို့ တက်ခ်က ရှုတ်ချသွားပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာ တက္ကသိုလ် ကျောင်းသားလူငယ် အနည်းဆုံး ၇ ယောက်လောက်ဟာ တံခါးပိတ် သေဒဏ်စီရင် တာခံလိုက်ရတယ်လို့ သူကပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာလည်း နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦးဟာ သေဒဏ် ထပ်ချခံရတယ်လို့ သတင်းတွေ ရရှိထားကြောင်း တက်ခ်က ဆိုပါတယ်။

တက်ခ်က အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်တွေ အနေနဲ့ သေဒဏ်စီရင်မှု အားလုံးကို ဆိုင်းငံ့ထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။ လူမြင်ကွင်း နောက်ကွယ်မှာ လျှို့ဝှက်တရားခွင်တွေနဲ့ စီရင်စစ်ဆေးပြီး သေဒဏ်စီရင်တာမျိုးတွေ မြန်မာစစ်တပ်က ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဒါဟာ မျှတတဲ့ တရားစီရင် စစ်ဆေးမှုဆိုင်ရာ အခြေခံ စံသတ်မှတ်ချက်တွေ အားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းသား သမဂ္ဂက အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား တက္ကသိုလ်ကျောင်းသား လူငယ် ၇ ဦး သေဒဏ်စီရင်ခံခဲ့ရကြောင်း ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လူငယ်တွေဟာ ဧပြီ ၂၁ ရက်မှာ အဖမ်းဆီး ခံရပြီး အင်းစိန်ထောင်ထဲမှာ နိုဝင်ဘာ ၃၀ ရက်က ကွပ်မျက် ခံခဲ့ရတာလို့ သိရပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း နိုင်ငံတကာကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခဲ့ဖူးပါတယ်။ ဒီလို တရားလက်မဲ့ လုပ်ရပ်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ရှုတ်ချနေပေမယ့် စစ်ကောင်စီက သေဒဏ်ကို နိုင်ငံရေး လက်နက် တစ်ခုအဖြစ် မျက်နှာပြောင်တိုက်ပြီး ဆက်လက် အသုံးပြုနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook